ကိုဖီအာနန္ ရခိုင္အေရး ကုလမွာ ေျပာမယ္

0
439

ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ဥကၠ႒ ကုိဖီအာနန္ဟာ ေသာၾကာေန႔မွာ ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ရခိုင္အေရး အလြတ္သေဘာေျပာဖို႔ရွိတယ္လို႔ ကုလသမဂၢ သံတမန္ေတြက ေျပာပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အလွည့္က်ဥကၠ႒ျဖစ္သူ ျပင္သစ္ ႏိုင္ငံသံအမတ္ႀကီးက လုံၿခဳံေရးေကာင္စီမွာ ရခိုင္အေရးနဲ႔ ပတ္သက္လို႔ ကုိဖီအာနန္ရဲ႔ အစီရင္ခံခ်က္ကို အဖြဲ႔ဝင္ ႏိုင္ငံေတြကၾကားနာဖို႔ရွိတယ္လို႔ ျပီးခဲ့တဲ့ အပတ္က သတင္းေထာက္ေတြ ကို ထုတ္ေျပာထားျပီး အခု ကိုဖီအာနန္က ကုလမွာ ေျပာဖို႔ျဖစ္လာတာပါ။

ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမတၱာရပ္ခံခ်က္အရ ကုိဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ဟာ အခုႏွစ္ ၾသဂုတ္လထဲ အျပီးသတ္အစီရင္ခံစာတေစာင္ တင္သြင္းထားျပီး အစိုးရကလည္း အၾကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။
…………………. ။ ။ ………………………

ကိုဖီအာနန် ရခိုင်အရေး ကုလမှာ ပြောမယ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ သောကြာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရခိုင်အရေး အလွတ်သဘောပြောဖို့ရှိတယ်လို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဌဖြစ်သူ ပြင်သစ် နိုင်ငံသံအမတ်ကြီးက လုံခြုံရေးကောင်စီမှာရခိုင်အရေးနဲ့ပတ်သက်လို့ ကိုဖီအာနန်ရဲ့ အစီရင်ခံချက်ကို အဖွဲ့ဝင် နိုင်ငံတွေကကြားနာဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ အပတ်က သတင်းထောက်တွေကို ထုတ်ပြောထားပြီး အခု ကိုဖီအာနန်က ကုလမှာ ပြောဖို့ဖြစ်လာတာပါ။

့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဟာ အခုနှစ် သြဂုတ်လထဲ အပြီးသတ်အစီရင်ခံစာတစောင်တင်သွင်းထားပြီး အစိုးရကလည်း အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)