မိုးအားလျော့နည်းနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင် ခန့်မှန်း

0
313

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး မိုးအားလျော့နည်းနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းလိုက်ပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန် တိုင်းထွာရရှိမှု အခြေအနေပေါ် အခြေပြုပြီး ဆရာ ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ခန့်မှန်းပြောကြားလို်က်တာပါ။

12115608_1152925928055311_2574495048522325227_n

လက်ရှိ မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ် ရှိနိုင်ပြီး လှိုင်း အမြင့် (၂) ပေ မှ (၃) ပေ ခန့် အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်းနိင်သလို လတ်တလော မြန်မာ့ကမ်းရိုးတန်းတလျောက်မှာဆိုရင်လည်း မိုးတိမ်တောင်တွေ ထူထပ်စွာဖြစ်ပေါ်နေတယ်လို့ ပြောဆို ထားတာပါ။

ပြီးခဲ့တဲ့ ရပ်ပိုင်းတွေက ဘင်္ဂလားပင်လယ်အောင်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင် ပြည်နယ် ၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်ဒေသကြီးးတို့မှာ နေရာ အနှံ့အပြား၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်နေပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိကြောင့် မိုးရွာသွန်းမှုများတဲ့ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းအတွင်းရှိဒေသအချို့မှာ ရေဖုံးလွှမ်းခံဒေသများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။

နောက် (၂) ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးလျော့နည်းသွားနိုင်ပြီး မြန်မာတစ်ပြည်လုံးမှာတိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)