NLD မဲဆွယ်စည်းရုံးမှုတွေကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ရပ်နားဖို့ ပါတီဗဟိုညွှန်ကြား

0
273

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ၀င်ရောက်ယှဉ်ပြိုင်ခံနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေကို ရပ်နားဖို့ ပါတီဗဟိုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

အဲ့ဒီ ကြေညာချက်ထဲမှာတော့ နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး မဲဆွယ်စည်းရုံးမှာ အသုံးပြုခဲ့ကြတဲ့ ဆိုင်းဘုတ်၊ ပိုစတာ၊ ဗွီနိုင်းနဲ့ NLD ရဲ့ မဲဆွယ်တာနဲ့ စပ်လျဉ်းတဲ့ ပစ္စည်းအရပ်ရပ်ကို အပြီး ဖြုတ်သိမ်းကြဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

12096631_775308529257768_7491603668354303634_n

လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာတဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးခွင့်အတိုင်း NLD ပါတီ အပါအ၀င် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနေကြတာလဲဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ရွေးကောက်ပွဲ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို အချိန်ကာလ ၃ လ သတ်မှတ်ထားပြီး နိုင်ဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာလ ၆ ရက်နေ့မှာ အပြီးသက် ရပ်နားထားဖို့ အသိပေးထားပြန်ထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)