စာအုပ္လွဴဒါန္းလိုရင္ ျမန္မာ့စာတိုက္လုပ္ငန္းက အခမဲ့ ပို႔ေဆာင္ေပးမယ္

0
250

ျမန္မာတစ္ႏိုင္ငံလံုးရွိ ျပန္ၾကားေရးဝန္ႀကီးဌာနေတြက ဖြင့္လွစ္ထားတဲ့ စာၾကည့္တိုက္ေတြကို စာအုပ္ေတြ ေပးပို႔လွဴဒါန္းလိုရင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့စာတိုက္လုပ္ငန္းက အခမဲ့ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။

ႏိုင္ငံအႏွံ႔ရွိ စာတိုက္ေပါင္း ၇၉၃ ခုကေန ေပးပို႔လိုတဲ့ ၿမိဳ႕ေတြကို လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး အခမဲ့ ေပးပို႔မွာ ျဖစ္ပါတယ္။ ျမန္မာ့စာတိုက္လုပ္ငန္းက အ႐ႈံးေပၚေနတဲ့ၾကားက ျပည္သူေတြ စာဖတ္ႏႈန္း ျမင့္တက္ေစဖို႔ တစ္ဖက္တစ္လမ္းက ဝန္ေဆာင္မႈေပးတာျဖစ္တယ္လို႔ စာတိုက္လုပ္ငန္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စာေပလုပ္ငန္းရွင္ေတြ၊ Online Shopping လုပ္ငန္းရွင္ေတြ၊ အမ်ားအျပား ေပးပို႔လိုသူေတြအတြက္ တစ္ႀကိမ္ကို ေပးပို႔တဲ့ ေခ်ာစာနဲ႔ ေခ်ာပစၥည္း အေရအတြက္ ၁၀၀ နဲ႔အထက္ ေပးပို႔ရင္ ၁၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ epost system သံုးၿပီး ေစ်းေလွ်ာ့ ဝန္ေဆာင္မႈေပးမယ္လို႔ ေၾကညာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာအုပ်လှူဒါန်းလိုရင် မြန်မာ့စာတိုက်လုပ်ငန်းက အခမဲ့ ပို့ဆောင်ပေးမယ်

မြန်မာတစ်နိုင်ငံလုံးရှိ ပြန်ကြားရေးဝန်ကြီးဌာနတွေက ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေကို စာအုပ်တွေ ပေးပို့လှူဒါန်းလိုရင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက အခမဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့ရှိ စာတိုက်ပေါင်း ၇၉၃ ခုကနေ ပေးပို့လိုတဲ့ မြို့တွေကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အခမဲ့ ပေးပို့မှာ ဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးပေါ်နေတဲ့ကြားက ပြည်သူတွေ စာဖတ်နှုန်း မြင့်တက်စေဖို့ တစ်ဖက်တစ်လမ်းက ဝန်ဆောင်မှုပေးတာဖြစ်တယ်လို့ စာတိုက်လုပ်ငန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာပေလုပ်ငန်းရှင်တွေ၊ Online Shopping လုပ်ငန်းရှင်တွေ၊ အများအပြား ပေးပို့လိုသူတွေအတွက် တစ်ကြိမ်ကို ပေးပို့တဲ့ ချောစာနဲ့ ချောပစ္စည်း အရေအတွက် ၁၀ဝ နဲ့အထက် ပေးပို့ရင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ epost system သုံးပြီး ဈေးလျှော့ ဝန်ဆောင်မှုပေးမယ်လို့ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)