ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာလုပ်သမားတွေ စေလွှတ်နိုင်ဖို့ One Stop Center နှစ်ခု ဖွင့်လှစ် (ရုပ်/သံ)

0
225







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းငါးဖမ်းရေလုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေ စေလွှတ်နိုင်ဖို့ ကော့သောင်းနဲ့ရသောင်းမှာ One Stop Center နှစ်ခု ဖွင့်လှစ်ပေးသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ထိုင်းငါးဖမ်းရေလုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေစေလွှတ်နိုင်ဖို့ ကော့သောင်းနဲရသောင်းမှာ One Stop Center နှစ်ခုဖွင့်လှစ်ကာ သင်တန်းတွေ ပေးပြီးစေလွှတ်သွားမှာဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြာရေး ဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးကပြောပါတယ် ။

Sound Bite ဒေါ်အေးအေးမိုး (ညွှန်ကြားရေးမှူး)
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ )

လက်ရှိမှာ ထိုင်းငါးဖမ်းရေလုပ်ငန်းတွေမှာတရားဝင်လုပ်သားတွေစေလွှတ်နိုင်ဖို့ ထိုင်းအလုပ်သမားရေး ဝန်ကြီး ဌာနကမြန်မာနိုင်ငံအစိုးရကို ကမ်းလှမ်းထားတာပါ။ အဲဒါကြောင့် လုပ်သားတွေစေလွှတ်နိုင်ဖို့ ထိုင်းအစိုးရရဲ့ လုပ်သားလိုအပ်ချက် အရေအတွက်ကို တောင်းခံထားပြီး ပညာရေး ၊ကျန်းမာရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို တင်ပြသွားဖို့ရှိနေတာဖြစ်ပါတယ် ။

Sound Bite ဒေါ်အေးအေးမိုး (ညွှန်ကြားရေးမှူး)
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ )

လက်ရှိမှာထိုင်းနိုင်ငံရှိ ငါးဖမ်းရေလုပ်ငန်းတွေမှာ လုပ်သား (၆၀ဝ၀ဝ) ကျော်လိုအပ်နေပြီး ပြီးခဲ့တဲ့ နှစ်တွေက ထိုင်းငါးဖမ်းရေလုပ်ငန်းတွေမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာလုပ်သား ၃၅၀ဝ၀ ကို တရားဝင်ဖြစ်စေ ဖို့ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)