မူးယစ္ေဆးဝါး ထုတ္လုပ္၊ ျဖတ္သန္း သယ္ေဆာင္တဲ့ ႏိုင္ငံထဲ ျမန္မာပါတယ္လို႔ သမၼတ ထရမ့္ ေျပာ

0
520

မူးယစ္ေဆးဝါးေတြ အဓိက ထုတ္လုပ္တာ၊ ျဖတ္သန္း သယ္ေဆာင္တာေတြ လုပ္ေဆာင္ေနတဲ့ ႏိုင္ငံ ၂၁ ႏိုင္ငံကို အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ထုတ္ေဖာ္ေျပာဆိုရာမွာ အာရွႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ၊ အာဖဂန္နစၥတန္၊ ပါကစၥတန္တို႔နဲ႔အတူ ျမန္မာႏိုင္ငံလည္း ပါဝင္ေနပါတယ္။

စာရင္းမွာ ေဖာ္ျပထားတဲ့ႏိုင္ငံေတြမွာ အစိုးရက မူးယစ္ေဆးဝါး ႏွိမ္နင္းတာ မလုပ္ဘူး၊ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ အဆင့္ မရွိဘူးလို႔ မဆိုလိုေၾကာင္းလည္း သမၼတ ထရမ့္က ေျပာတယ္လို႔ ဘစ္ဇနက္တူေဒး သတင္းမွာ ေဖာ္ျပထားပါတယ္။ မူးယစ္ေဆး ထုတ္လုပ္တာ၊ ႏိုင္ငံတြင္း ျဖတ္သန္း သယ္ေဆာင္တာေတြ ျဖစ္ေပၚေနတာဟာ ပထဝီအေနအထား၊ စီးပြားျဖစ္လုပ္ေဆာင္မႈနဲ႔ စီးပြားေရးတို႔ေၾကာင့္ျဖစ္ၿပီး အစိုးရက အတိုင္းအတာ တစ္ခုအထိ ႏွိမ္နင္းေနသည့္တိုင္ မူးယစ္ေဆးဝါး ထုတ္လုပ္၊ သယ္ေဆာင္မႈ ျဖစ္ေပၚေနရတာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

မူးယစ္ေဆးဝါးေတြ အဓိက ထုတ္လုပ္တာ၊ ျဖတ္သန္း သယ္ေဆာင္တာေတြ လုပ္ေဆာင္ေနတဲ့ တျခားႏိုင္ငံေတြထဲမွာ ဘဟားမား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကိုစတာရီကာ၊ ဒိုမီနီကန္ ရီပတ္ဘလစ္၊ အက္ကြာေဒါ၊ အယ္လ္ဆာေဗဒိုး၊ ဂြာတီမာလာ၊ ေဟတီ၊ ဟြန္ဒူရပ္စ္၊ ဂ်ေမကာ၊ လာအို၊ မကၠဆီကို၊ နီကာရာရဂြာ၊ ပနားမား၊ ပီ႐ူးနဲ႔ ဗင္နီဇြဲလား စတဲ့ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြတ်သန်း သယ်ဆောင်တဲ့ နိုင်ငံထဲ မြန်မာပါတယ်လို့ သမ္မတ ထရမ့် ပြော

မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်တာ၊ ဖြတ်သန်း သယ်ဆောင်တာတွေ လုပ်ဆောင်နေတဲ့ နိုင်ငံ ၂၁ နိုင်ငံကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ထုတ်ဖော်ပြောဆိုရာမှာ အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

စာရင်းမှာ ဖော်ပြထားတဲ့နိုင်ငံတွေမှာ အစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းတာ မလုပ်ဘူး၊ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့် မရှိဘူးလို့ မဆိုလိုကြောင်းလည်း သမ္မတ ထရမ့်က ပြောတယ်လို့ ဘစ်ဇနက်တူဒေး သတင်းမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေး ထုတ်လုပ်တာ၊ နိုင်ငံတွင်း ဖြတ်သန်း သယ်ဆောင်တာတွေ ဖြစ်ပေါ်နေတာဟာ ပထဝီအနေအထား၊ စီးပွားဖြစ်လုပ်ဆောင်မှုနဲ့ စီးပွားရေးတို့ကြောင့်ဖြစ်ပြီး အစိုးရက အတိုင်းအတာ တစ်ခုအထိ နှိမ်နင်းနေသည့်တိုင် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်မှု ဖြစ်ပေါ်နေရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်တာ၊ ဖြတ်သန်း သယ်ဆောင်တာတွေ လုပ်ဆောင်နေတဲ့ တခြားနိုင်ငံတွေထဲမှာ ဘဟားမား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကိုစတာရီကာ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ အက်ကွာဒေါ၊ အယ်လ်ဆာဗေဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူရပ်စ်၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာရဂွာ၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေလည်း ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)