Reuters သတင္းေထာက္ေတြ လႊတ္ေပးေရး ဖိအားေပးဖို႔ အေမရိကန္ အမတ္ေတြ တိုက္တြန္း

0
202

Reuters သတင္းေထာက္ ႏွစ္ဦးကို အျမန္ဆံုး ျခြင္းခ်က္မရွိ လႊတ္ေပးေရးနဲ႔ ျမန္မာအေပၚ စီးပြားေရး ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ဖို႔ သမၼတ ေဒၚနယ္ ထရမ့္ အစိုးရကို ရီပတ္ဘလီကန္နဲ႔ ဒီမိုကရက္တစ္ ဆီးနိတ္ လႊတ္ေတာ္အမတ္ ၁၁ ဦးက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ မွားယြင္းစြာ ဖမ္းဆီးၿပီး ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခံရတဲ့ Reuters သတင္းေထာက္ ဝလံုးနဲ႔ ေက်ာ္စိုးဦးတို႔နဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္ပူပန္ေၾကာင္း ကြ်န္ေတာ္တို႔ စာေရးသား ေပးပို႔ခဲ့ပါတယ္လို႔ ရီပတ္ဘလီကန္က မာကို ႐ူဘီယိုနဲ႔ ဒီမိုကရက္က ဂ်က္ဖ္ မာကေလတို႔ ဦးေဆာင္တဲ့ ဆီးနိတ္ လႊတ္ေတာ္ အမတ္ေတြက ေျပာတယ္လို႔ Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။

မာကို ႐ူဘီယိုနဲ႔ ဂ်က္ဖ္ မာကေလ တို႔ ႏွစ္ဦးစလံုးဟာ ဆီးနိတ္ ႏိုင္ငံျခား ဆက္ဆံေရး ေကာ္မတီ အဖြဲ႔ဝင္ေတြ ျဖစ္ၾကပါတယ္။ သူတို႔က စာကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ ပြန္ပီယိုဆီ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက အေမရိကန္က ျမန္မာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔က ေခါင္းေဆာင္ ၄ ဦးနဲ႔ တပ္မ ၂ ခုတို႔ကို ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေ လွှတ်ပေးရေး ဖိအားပေးဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း

Reuters သတင်းထောက် နှစ်ဦးကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ သမ္မတ ဒေါ်နယ် ထရမ့် အစိုးရကို ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ဆီးနိတ် လွှတ်တော်အမတ် ၁၁ ဦးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မှားယွင်းစွာ ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ Reuters သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့နဲ့ ပတ်သက်လို့ အထူးစိုးရိမ်ပူပန်ကြောင်း ကျွန်တော်တို့ စာရေးသား ပေးပို့ခဲ့ပါတယ်လို့ ရီပတ်ဘလီကန်က မာကို ရူဘီယိုနဲ့ ဒီမိုကရက်က ဂျက်ဖ် မာကလေတို့ ဦးဆောင်တဲ့ ဆီးနိတ် လွှတ်တော် အမတ်တွေက ပြောတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မာကို ရူဘီယိုနဲ့ ဂျက်ဖ် မာကလေ တို့ နှစ်ဦးစလုံးဟာ ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့က စာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အမေရိကန်က မြန်မာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ခေါင်းဆောင် ၄ ဦးနဲ့ တပ်မ ၂ ခုတို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)