ေမာင္ေတာမွာ အစြန္းေရာက္ အၾကမ္းဖက္သမား ၆ ဦး ဖမ္းမိ

0
300

ရခိုင္ျပည္နယ္၊ ေမာင္ေတာမွာ ဘဂၤါလီအခ်င္းခ်င္းက ARSA အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမား ၆ ဦးကို လက္ခံမႈမရွိဘဲ ၀ုိင္း၀န္းဖမ္းဆီးျပီး လုံျခံဳေရးတပ္ဖြဲ႕၀င္မ်ားထံ လာေရာက္ အပ္ႏွံခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားပါတယ္။

စက္တင္ဘာ ၁၁ ရက္က ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ကညင္တန္းေက်းရြာကို ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမား ၆ ဦးေရာက္လာျပီး ေက်းရြာေန ႏူရ္ဟာေဆာင္ရဲ႕ သားျဖစ္သူ အာလီခါန္ ဆိုသူကို ဖမ္းဖို႔ လုပ္ရာမွာ ရြာသားေတြက သူတို႔ကို ၀ိုင္း၀န္းဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးရမိတဲ့ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမား ၆ ဦးဟာ ရေသ့ေတာင္ၿမိဳ႕နယ္၊ နီးလင္းေဘာ္ေက်းရြာေန ေမာ္ဂိုလာေမာက္၊ ေအာက္နန္းရာေက်းရြာေန ဟူေဆာန္းအာမတ္ ၊ ဘလာမီေက်းရြာေန ေဆာ္ေယာ့ဒူလႅာ၊ ေပါက္ပင္ရင္းေက်းရြာေန ေကပါ ယာဒ္အူလႅာ ၊ နီလင္းေဘာ္ ေက်းရြာေန ေဘာ္ရွီးအူလႅာ(ဘ)ႏိုမာမတ္နဲ႔ နီလင္း ေဘာ္ေက်းရြာေန အတာဟူရာမန္ တုိ႔ျဖစ္ၿပီး ဓား ၄ ေခ်ာင္း၊ ေလးခြ ၁ လက္တုိ႕နဲ႔အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးရမိ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားေတြကို နယ္ေျမရွင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိတဲ့ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားထံ လႊဲေျပာင္း အပ္ႏွံခဲ့တယ္လို႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးသတင္းမွာ ေဖာ္ျပထားပါတယ္။
(USA)
…………………………။ ။ …………………………

မောင်တောမှာ အစွန်းရောက် အကြမ်းဖက်သမား ၆ ဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမှာ ဘင်္ဂါလီအချင်းချင်းက ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၆ ဦးကို လက်ခံမှုမရှိဘဲ ဝိုင်းဝန်းဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၁ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးရောက်လာပြီး ကျေးရွာနေ နူရ်ဟာဆောင်ရဲ့ သားဖြစ်သူ အာလီခါန် ဆိုသူကို ဖမ်းဖို့ လုပ်ရာမှာ ရွာသားတွေက သူတို့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးဟာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက်၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် ၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ ၊ နီလင်းဘော် ကျေးရွာနေ ဘော်ရှီးအူလ္လာ(ဘ)နိုမာမတ်နဲ့ နီလင်း ဘော်ကျေးရွာနေ အတာဟူရာမန် တို့ဖြစ်ပြီး ဓား ၄ ချောင်း၊ လေးခွ ၁ လက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေကို နယ်မြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များထံလွှဲပြောင်း အပ်နှံခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)