ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းနဲ႔ (RCSS/SSA) အဖြဲ႕ဥကၠ႒ ဦးယြက္စစ္ တို႔ ေတြ႔ဆံုေဆြးေႏြး

0
259

ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းနဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ/ရွမ္းျပည္တပ္မေတာ္ (RCSS/SSA) အဖြဲ႕ဥကၠ႒ ဦးယြက္စစ္ တို႔ ေတြ႔ဆံုျပီး ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး သေဘာတူစာခ်ဳပ္ပါ အခ်က္မ်ားအနက္ ႏွစ္ဖက္နားလည္မႈနဲ႔ အယူအဆ ကြဲလြဲမႈအေပၚ အေသးစိတ္ အျပန္အလွန္ေဆြးေႏြးၾကတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။

စက္တင္ဘာ ၁၁ ရက္က ေနျပည္ေတာ္မွာ ေတြ႔ဆံုတုန္း ေဆြးေႏြးခဲ့ၾကတာျဖစ္ျပီး တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) ပါအတိုင္း ဆက္လက္အတူတကြ ေလၽွာက္လွမ္းဖို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။

အစိုးရသစ္လက္ထက္မွာ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ/ရွမ္းျပည္တပ္မေတာ္ (RCSS/SSA) အဖြဲ႕နဲ႔ ပထမဆံုးအၾကိမ္ သီးသန္႔ေတြ႔ဆံုခဲ့ၾကတာျဖစ္ျပီး ရွမ္းျပည္တပ္မေတာ္ဘက္ကလည္း အခု ေတြ႔ဆံုမွုအေပၚ ေက်နပ္အားရတယ္လို႔ ထုတ္ေျပာထားပါတယ္။
(USA)
………………………။ ။ …………………………

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌ ဦးယွက်စစ် တို့ တွေ့ဆုံဆွေးနွေး

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဥက္ကဋ္ဌ ဦးယွက်စစ် တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူစာချုပ်ပါ အချက်များအနက် နှစ်ဖက်နားလည်မှုနဲ့ အယူအဆ ကွဲလွဲမှုအပေါ် အသေးစိတ် အပြန်အလှန်ဆွေးနွေးကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၁ရက်က နေပြည်တော်မှာ တွေ့ဆုံတုန်း ဆွေးနွေးခဲ့ကြတာဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါအတိုင်း ဆက်လက်အတူတကွ လျှောက်လှမ်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
အစိုးရသစ်လက်ထက်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နဲ့ ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ရှမ်းပြည်တပ်မတော်ဘက်ကလည်း အခု တွေ့ဆုံမှုအပေါ် ကျေနပ်အားရတယ်လို့ ထုတ်ပြောထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)