ဘဂၤလားေဒ့ရွ္သံနဲ႔ အစိုးရတို႔ ရခိုင္အေရး ေဆြးေႏြး

0
304

ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ံုး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြနဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ သံအမတ္ႀကီး မစၥတာ မုိဟာမက္ ဆူဖီအူရ္ ရာဟ္မာန္ တို႔ ေတြ႔ဆံုျပီး ရခိုင္အေရး ေဆြးေႏြးခဲ့ၾကပါတယ္။

စက္တင္ဘာ ၁၁ရက္က ေနျပည္ေတာ္ရွိ ႏုိင္ငံေတာ္ အတုိင္ပင္ခံ႐ံုး၀န္ႀကီးဌာန ဧည့္ခန္းမမွာ ေတြ႔ဆံုခဲ့ၾကတာျဖစ္ျပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္း တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ အၾကမ္းဖက္ တိုက္ခိုက္ခံရမႈ ျဖစ္ပြားၿပီးေနာက္ လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ အကူအညီ ေပးအပ္ေနမႈ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ဆက္ဆံေရးဆိုင္ရာ ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ၾကတယ္လို႔ အတိုပင္ခံရံုးသတင္းမွာ ေဖာ္ျပပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ၾသဂုတ္ ၂၅ ရက္ကစျပီး ARSA အၾကမ္းဖက္အုပ္စုရဲ႕ တိုက္ခိုက္မွုေတြေၾကာင့္ ျပည္နယ္အတြင္းရွိ ဘဂၤါလီေတြ သိန္းနဲ႔ခ်ီျပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲ ထြက္ေျပးခဲ့ၾကတယ္လို႔ ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။
(USA)
……………………………..။ ။ ………………………………

ဘင်္ဂလားဒေ့ရှ်သံနဲ့ အစိုးရတို့ ရခိုင်အရေး ဆွေးနွေး
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟာမက် ဆူဖီအူရ် ရာဟ်မာန် တို့ တွေ့ဆုံပြီး ရခိုင်အရေး ဆွေးနွေးခဲ့ကြပါတယ်။
စက်တင်ဘာ ၁၁ရက်က နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြတယ်လို့ အတိုပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။
ရခိုင်မြောက်ပိုင်းမှာ သြဂုတ် ၂၅ရက်ကစပြီး ARSA အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်နယ်အတွင်းရှိ ဘင်္ဂလီတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂက သတင်းထုတ်ပြန်ထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)