အစိုးရနဲ႔ ေဆြးေႏြးေနတုန္း RCSS/SSA စခန္းကို တပ္မေတာ္က ၀င္တိုက္

0
314

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ ရွမ္းျပည္ တပ္မေတာ္ (RCSS/SSA) နဲ႔ အစိုးရတို႔ ေတြ႔ဆံုေဆြးေႏြးေနတုန္း တပ္မေတာ္က RCSS/SSA တပ္စခန္းကို တိုက္ခိုက္တယ္လို႔ ရွမ္းသံေတာ္ဆင့္သတင္းမွာ ေဖာ္ျပပါတယ္။

စက္တင္ဘာ ၁၁ ရက္ နံနက္ပိုင္းက သီေပါၿမိဳ႕နယ္ စိန္ေက်ာ့ အုပ္စု ေတာင္ဘက္ ၇ မိုင္ ခန႔္အကြာ ရွမ္းျပည္တပ္မေတာ္ SSPP/SSA နမ့္ေတြးတပ္စခန္းကို တပ္မေတာ္ ေျခလ်င္တပ္ရင္း စခန္းအမွတ္ ၁၄၇ က လာေရာက္တိုက္ခိုက္ခဲ့တာလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

SSPP/SSA ေျပာခြင့္ရ စိုင္းဘုန္းဟန္က “နမ့္ေတြးက ဝမ့္ပန္း ဆိုင္ေက်ာ့ အသြားလမ္းမွာ ရွိတာ။ ခလရ ၁၄၇ က ေဒသအတြင္း ၿပီးခဲ့တဲ့ရက္ပိုင္းက စတင္ဝင္ေရာက္လွုပ္ရွားလာတယ္။ ဒီစစ္ေၾကာင္းတေၾကာင္းထဲမဟုတ္ဘူး ၂ ေၾကာင္း သုံးေၾကာင္းနဲ႔ အဘက္ဘက္ကေန တက္ၿပီးတိုက္တာ။ ဒီေန႔ မြန္းလြဲ တနာရီေက်ာ္ေက်ာ္က တႀကိမ္၊ ၂ နာရီေက်ာ္ ေက်ာ္က တႀကိမ္” လို႔ ေျပာပါတယ္။

အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/ ရွမ္းျပည္တပ္မေတာ္(RCSS/SSA) ဥကၠ႒ ဦးယြက္စစ္နဲ႔ ကိုယ္စားလွယ္အဖြဲ႔ကို လက္ခံေတြ႔ဆံုတယ္လို႔ အစိုးရက မေန႔က သတင္းထုတ္ျပန္ထားပါတယ္။
(USA)
……………………………………..။ ။ ………………………………………..

အစိုးရနဲ့ ဆွေးနွေးနေတုန်း RCSS/SSAစခန်းကို တပ်မတော်က ဝင်တိုက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးနေတုန်း တပ်မတော်က RCSS/SSA တပ်စခန်းကို တိုက်ခိုက်တယ်လို့ ရှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက သီပေါမြို့နယ် စိန်ကျော့ အုပ်စု တောင်ဘက် ၇ မိုင် ခန့်အကွာ ရှမ်းပြည်တပ်မတော် SSPP/SSA နမ့်တွေးတပ်စခန်းကို တပ်မတော် ခြေလျင်တပ်ရင်း စခန်းအမှတ် ၁၄၇ က လာရောက်တိုက်ခိုက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
SSPP/SSA ပြောခွင့်ရ စိုင်းဘုန်းဟန်က “နမ့်တွေးက ဝမ့်ပန်း ဆိုင်ကျော့ အသွားလမ်းမှာ ရှိတာ။ ခလရ ၁၄၇ က ဒေသအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ဝင်ရောက်လှုပ်ရှားလာတယ်။ ဒီစစ်ကြောင်းတကြောင်းထဲမဟုတ်ဘူး ၂ ကြောင်း သုံးကြောင်းနဲ့ အဘက်ဘက်ကနေ တက်ပြီးတိုက်တာ။ ဒီနေ့ မွန်းလွဲ တနာရီကျော်ကျော်က တကြိမ်၊ ၂ နာရီကျော် ကျော်က တကြိမ်” လို့ ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံတယ်လို့ အစိုးရက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)