မြန်မာနိုင်ငံမှာ ဘင်္ဂလီ မွတ်စလင်အရေး အပါအဝင် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထားတွေကို Facebook က စုံစမ်းသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောပေမယ့် အထောက်အထားတွေ ထုတ်ပေးခြင်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
Facebook လူမှုမီဒီယာဟာ ပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိပေမယ့် နှစ်ပေါက်တဲ့အထိ ဆွေးနွေးမှုတွေမှာ ဝေမျှခြင်း မရှိဘူးလို့ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယံက Reuters သတင်းဌာနကို ပြောပါတယ်။
IIMM က ဘယ်လို အချက်အလက်တွေကို တောင်းဆိုခဲ့သလဲဆိုတာတော့ သူက အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။
အမုန်းစကား ပြန့်ပွားမှုနဲ့ ပဋိပက္ခတွေကို သွေးထိုးမှုတွေမှာ Facebook ဟာ အဓိက နေရာက ပါဝင်နေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
Facebook ကုမျပဏီကလညြး တပမြတောြ ထိပပြိုငြးဆိုငရြာ ပုဂျဂိုလတြှနေဲ့ ဆကစြပတြဲ့ account တှကေို ဖကွပြဈခဲ့ပှီး အမုနြးစကားတှေ ရပတြန့ရြေး လုပဆြောငနြတယေလြို့ ပှောပမယေ့ြ အခကွအြလကတြှကေိုတော့ ထိနြးသိမြးထားပါတယြ။
________________

________________
ဘငျ်ဂါလီအရေးမှာ Facebook က အခကြျအလကျတှေ မပေးဘူးလို့ စုံစမျးစဈဆေးသူတှေ ပွော
မြန်မာနိုင်ငံမှာ ဘင်္ဂလီ မွတ်စလင်အရေး အပါအဝင် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထားတွေကို Facebook က စုံစမ်းသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောပေမယ့် အထောက်အထားတွေ ထုတ်ပေးခြင်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
Facebook လူမှုမီဒီယာဟာ ပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိပေမယ့် နှစ်ပေါက်တဲ့အထိ ဆွေးနွေးမှုတွေမှာ ဝေမျှခြင်း မရှိဘူးလို့ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယံက Reuters သတင်းဌာနကို ပြောပါတယ်။
IIMM က ဘယ်လို အချက်အလက်တွေကို တောင်းဆိုခဲ့သလဲဆိုတာတော့ သူက အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။
အမုန်းစကား ပြန့်ပွားမှုနဲ့ ပဋိပက္ခတွေကို သွေးထိုးမှုတွေမှာ Facebook ဟာ အဓိက နေရာက ပါဝင်နေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
Facebook ကုမ္ပဏီကလည်း တပ်မတော် ထိပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့ account တွေကို ဖျက်ပစ်ခဲ့ပြီး အမုန်းစကားတွေ ရပ်တန့်ရေး လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အချက်အလက်တွေကိုတော့ ထိန်းသိမ်းထားပါတယ်။