မူးယစ်ဆေးဖြတ်ပြီးသူတွေအတွက် ပြန်လည်ထူထောင်ရေး သင်တန်းတွေပြန်ဖွင့်မယ်

0
248

မူးယစ်ဆေးဖြတ်ပြီးသူတွေအတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ပြန်ဖွင့်မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ မူးယစ်ဆေး ဖြတ်ပြီးသူတွေ ပြန်လည် ထူထောင်ရေးစခန်း (ဝက်ထီးကန်) မှာ ဆေးကုသပြီးသူတွေအတွက် စခန်းအခြေပြု ပြန်လည် ထူထောင်ရေးသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ရက် ၉၀ ကြာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


_________________

_________________

မူးယစ်ဆေးဖြတ်ပြီးသူတွေအတွက် ပြန်လည်ထူထောင်ရေး သင်တန်းတွေပြန်ဖွင့်မယ်

မူးယစ်ဆေးဖြတ်ပြီးသူတွေအတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ပြန်ဖွင့်မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ မူးယစ်ဆေး ဖြတ်ပြီးသူတွေ ပြန်လည် ထူထောင်ရေးစခန်း (ဝက်ထီးကန်) မှာ ဆေးကုသပြီးသူတွေအတွက် စခန်းအခြေပြု ပြန်လည် ထူထောင်ရေးသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ရက် ၉၀ ကြာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းသားတွေကို စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်တာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည် ထူထောင်တာနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ပေးကုထုံးအဖြစ် တံဆိပ်ရိုက်သင်တန်း၊ ဆပ်ပြာဆီထုတ်လုပ်သင်တန်း၊ ဘိလပ်မြေအုတ်ထုတ်လုပ်တဲ့သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ဆံသသင်တန်း၊ စိုက်ပျိုးရေး/ မွေးမြူရေး သင်တန်းတွေကို စာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)