ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ဖို့လို

0
227

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ COVID-19 ကပ်ရောဂါ ကာလနဲ့ တိုက်ဆိုင်နေလို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ လူစုလူဝေး မဖြစ်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ ကျင်းပနိုင်ဖို့အတွက် အကြိုညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲကောက်မရှင် ဥက္ကဋ္ဌက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဖြစ်တဲ့ မဲစာရင်းကပ်ထား ကြေညာတဲ့ကာလ၊ မဲဆွယ်စည်းရုံးရေး ကာလနဲ့ မဲပေးတဲ့နေ့တို့မှာ ပြည်သူလူထု စုဝေးတာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မဲစာရင်းမှာ မိမိအမည်ပါမှပဲ မဲပေးနိုင်မှာ ဖြစ်တဲ့အတွက် မဲစာရင်းကပ်ထား ကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်း လာရောက်ကြည့်ရှုရမှာ ဖြစ်ကြောင်း၊ အဲဒီလို ကြည့်ရှုရာမှာ လူစုလူဝေးဖြစ်နိုင်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲဆန္ဒရှင်တွေ online က မဲစာရင်းကြည့်ရှုနိုင်ဖို့ Mobile Application ကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေး ကာလနဲ့ မဲပေးတဲ့နေ့တို့မှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဘယ်လိုဆောင်ရွက်ဖို့ လိုအပ်မယ်ဆိုတာကို အကြံပြုဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။


___________________

___________________


လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ COVID-19 ကပ်ရောဂါ ကာလနဲ့ တိုက်ဆိုင်နေလို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ လူစုလူဝေး မဖြစ်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို  COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ ကျင်းပနိုင်ဖို့အတွက် အကြိုညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲကောက်မရှင် ဥက္ကဋ္ဌက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဖြစ်တဲ့ မဲစာရင်းကပ်ထား ကြေညာတဲ့ကာလ၊ မဲဆွယ်စည်းရုံးရေး ကာလနဲ့ မဲပေးတဲ့နေ့တို့မှာ ပြည်သူလူထု စုဝေးတာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မဲစာရင်းမှာ မိမိအမည်ပါမှပဲ မဲပေးနိုင်မှာ ဖြစ်တဲ့အတွက် မဲစာရင်းကပ်ထား ကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်း လာရောက်ကြည့်ရှုရမှာ ဖြစ်ကြောင်း၊ အဲဒီလို ကြည့်ရှုရာမှာ လူစုလူဝေးဖြစ်နိုင်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲဆန္ဒရှင်တွေ online က မဲစာရင်းကြည့်ရှုနိုင်ဖို့ Mobile Application ကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ 

ဒါ့အပြင် မဲဆွယ်စည်းရုံးရေး ကာလနဲ့ မဲပေးတဲ့နေ့တို့မှာ COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဘယ်လိုဆောင်ရွက်ဖို့ လိုအပ်မယ်ဆိုတာကို အကြံပြုဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း လေးသောင်းကျော် လျာထားပြီး မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော် မဲပေးခွင့် ရှိတယ်လို့ သိရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)