စစ်သားတွေကို ရန်မူလာသူတစ်ဦးအား ဓား၊ ဒေသန္တရမိုင်းတို့နဲ့အတူ အသေဖမ်းမိတယ်လို့ တပ်မတော် ပြော

0
588

ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရန်မူလာတဲ့ မသင်္ကာဖွယ် လူတစ်ဦးကို ဓား၊ ဒေသန္တရမိုင်း တစ်လုံးတို့နဲ့အတူ အသေ ပစ်ခတ်ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးအတွင်း အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ အရပ်ဝတ်တွေနဲ့ စျေးဝယ်နေစဉ် အမည်မသိ အမျိုးသား ၈ ဦးခန့်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ရာ အရာရှိမှာ နေရာတွင်ပင် သတိမေ့လဲကျနေပြီး စစ်သည်ကို ဆိုင်ကယ်နဲ့ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုဏ္ဏားကျွန်းမြို့နဲ့ အနီးတစ်ဝိုက်ကို လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။

မြို့သစ်စျေးအနီး၊ စျေးလမ်းဆုံနေရာမှာ လုံခြုံရေးလုပ်ငန်းတွေေ ဆာင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဓားမြှောင်ကိုင်ဆောင်ထားတဲ့ မသင်္ကာဖွယ် အမျိုးသားတစ်ဦးက ရန်မူတိုက်ခိုက်လိုတဲ့ အပြုအမူနဲ့ ချဉ်းကပ်လာလို့ အော်ဟစ်တားဆီး ရပ်တန့်ခိုင်းပေမယ့် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်တိုးလာလို့ ခန္ဓာကိုယ် အောက်ပိုင်းကို သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ ခြေထောက်ကို ကျည်ဆံ ထိမှန်ပြီးလဲကျစဉ် ထပ်မံပစ်ခတ်ခဲ့တဲ့ ကျည်ဆံကြောင့် ခန္ဓာကိုယ်ပိုင်းကို ထိမှန် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


__________________

__________________

စစ်သားတွေကို ရန်မူလာသူတစ်ဦးအား ဓား၊ ဒေသန္တရမိုင်းတို့နဲ့အတူ အသေဖမ်းမိတယ်လို့ တပ်မတော် ပြော

ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရန်မူလာတဲ့ မသင်္ကာဖွယ် လူတစ်ဦးကို ဓား၊ ဒေသန္တရမိုင်း တစ်လုံးတို့နဲ့အတူ အသေ ပစ်ခတ်ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးအတွင်း အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ အရပ်ဝတ်တွေနဲ့ ဈေးဝယ်နေစဉ် အမည်မသိ အမျိုးသား ၈ ဦးခန့်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ရာ အရာရှိမှာ နေရာတွင်ပင် သတိမေ့လဲကျနေပြီး စစ်သည်ကို ဆိုင်ကယ်နဲ့ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုဏ္ဏားကျွန်းမြို့နဲ့ အနီးတစ်ဝိုက်ကို လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။

မြို့သစ်ဈေးအနီး၊ ဈေးလမ်းဆုံနေရာမှာ လုံခြုံရေးလုပ်ငန်းတွေေ ဆာင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဓားမြှောင်ကိုင်ဆောင်ထားတဲ့ မသင်္ကာဖွယ် အမျိုးသားတစ်ဦးက ရန်မူတိုက်ခိုက်လိုတဲ့ အပြုအမူနဲ့ ချဉ်းကပ်လာလို့ အော်ဟစ်တားဆီး ရပ်တန့်ခိုင်းပေမယ့် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်တိုးလာလို့ ခန္ဓာကိုယ် အောက်ပိုင်းကို သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ ခြေထောက်ကို ကျည်ဆံ ထိမှန်ပြီးလဲကျစဉ် ထပ်မံပစ်ခတ်ခဲ့တဲ့ ကျည်ဆံကြောင့် ခန္ဓာကိုယ်ပိုင်းကို ထိမှန် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သေဆုံးသူကို စစ်ဆေးခဲ့ရာ ကျောပိုးအိတ်အတွင်းက ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရ မိုင်းတစ်လုံး အပါအဝင် မိုင်းပြုလုပ်ရာမှာ အသုံးပြုထားတဲ့ ကွန်ကြူပိုက် အမြောက်အမြားကို တွေ့ရှိ သိမ်းဆည်းရမိခဲ့လို့ သေဆုံးသူရဲ့ ရုပ်အလောင်းကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာသို့ စနစ်တကျလ ွှဲပြောင်း ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)