ပုဏ္ဏားကျွန်းမြို့မှာ တပ်မတော် အရာရှိတစ်ဦး ဓားထိုးခံရပြီး စစ်သည်တစ်ဦးလည်း အဖမ်းခံရ

0
975

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်က အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ဟာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးကို စျေးဝယ်ဖို့ သွားရောက်စဉ် အမည်မသိ အမျိုးသား ၈ ဦးခန့်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ပြီး စစ်သည်တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်က အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ စျေးဝယ်ဖို့ မြို့သစ်စျေးကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးနင်း သွားရောက်ခဲ့ကြောင်း၊ မြို့သစ်စျေးအနီး အေးစေတီလမ်းဆုံမှာ ဆိုင်ကယ် ရပ်နားပြီး စျေးဝယ်ဖို့ ပြင်ဆင်နေစဉ် ရုတ်တရက် အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပါတယ်။

တစ်ဦးက အရာရှိကို ဓားနဲ့ထိုးလို့ အရာရှိက ပြန်လည်ခုခံဖို့ ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ထုတ်ချိန်စဉ် နောက်ထပ်လူ ၇ ဦးခန့်က သံတုတ်တွေနဲ့ အရာရှိနဲ့စစ်သည်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်က အရပ်သားတွေ ဝိုင်းအုံလာလို့ ခုခံရုန်းကန်နေတဲ့ အရာရှိထံက ပစ္စတိုသေနတ်ကို လုယူပြီး အရိုက်ခံရလို့ လဲကျ မေ့မျောနေတဲ့ စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်ကာ ဆိုင်ကယ် ၅ စီးနဲ့ ထွက်ပြေးသွားခဲ့ကြောင်း၊ အဲဒီ အရာရှိမှာ ဓားထိုးခံရတာ၊ သံတုတ်နဲ့ ရိုက်နှက်ခံထားရတာကြောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပှဈမှုကွူးလှနသြူတှဟော AA ရခိုငလြကနြကကြိုငတြပဖြှဲ့ဝငတြှေ၊ သူတို့နဲ့ ဆကစြပပြတသြကသြူတှေ ဖှဈနိုငပြှီး ပုဏျဏားကွှနြးမှို့မ ရဲစခနြးက လုပထြုံးလုပနြညြးနဲ့အညီ အမှုဖှင့ြ အရေးယူနိုငဖြို့၊ ဖမြးဆီးခေါဆြောငတြာ ခံထားရတဲ့ စဈသညကြို ပှနလြညရြရှိဖို့ ဆကလြကြ ဆောငရြှကနြတယေလြို့ သတငြးထုတပြှနထြားပါတယြ။

_________________

_________________

ပုဏ်ဏားကြှနျးမွို့မှာ တပျမတောျ အရာရှိတဈဦး ဓားထိုးခံရပွီး စဈသညျတဈဦးလညျး အဖမျးခံရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်က အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ဟာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးကို ဈေးဝယ်ဖို့ သွားရောက်စဉ် အမည်မသိ အမျိုးသား ၈ ဦးခန့်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ပြီး စစ်သည်တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်က အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးတို့ ဈေးဝယ်ဖို့ မြို့သစ်ဈေးကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးနင်း သွားရောက်ခဲ့ကြောင်း၊ မြို့သစ်ဈေးအနီး အေးစေတီလမ်းဆုံမှာ ဆိုင်ကယ် ရပ်နားပြီး ဈေးဝယ်ဖို့ ပြင်ဆင်နေစဉ် ရုတ်တရက် အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပါတယ်။ 

တစ်ဦးက အရာရှိကို ဓားနဲ့ထိုးလို့ အရာရှိက ပြန်လည်ခုခံဖို့ ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ထုတ်ချိန်စဉ် နောက်ထပ်လူ ၇ ဦးခန့်က သံတုတ်တွေနဲ့ အရာရှိနဲ့စစ်သည်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်က အရပ်သားတွေ ဝိုင်းအုံလာလို့ ခုခံရုန်းကန်နေတဲ့ အရာရှိထံက ပစ္စတိုသေနတ်ကို လုယူပြီး အရိုက်ခံရလို့ လဲကျ မေ့မျောနေတဲ့ စစ်သည်ကို  ဖမ်းဆီးခေါ်ဆောင်ကာ ဆိုင်ကယ် ၅ စီးနဲ့ ထွက်ပြေးသွားခဲ့ကြောင်း၊ အဲဒီ အရာရှိမှာ ဓားထိုးခံရတာ၊ သံတုတ်နဲ့ ရိုက်နှက်ခံထားရတာကြောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ ဆက်စပ်ပတ်သက်သူတွေ ဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းက လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့် အရေးယူနိုင်ဖို့၊ ဖမ်းဆီးခေါ်ဆောင်တာ ခံထားရတဲ့ စစ်သည်ကို ပြန်လည်ရရှိဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)