
0
224

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ (၄) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဇီးပင်းချောင်းအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို လှော်ခတ်နေတဲ့ လှေတစ်စီးပေါ်က အမျိုးသားနှစ်ဦးကို စိတ်ကြွဆေးပြား ၂ သိန်းကျော်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။



ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက နှစ်ဦးကို စိတ်ကြွဆေးပြား ၂ သိန်းကျော်နဲ့ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြိ်ု့နယ်၊ နယ်မြေ (၄) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဇီးပင်းချောင်းအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို လှော်ခတ်နေတဲ့ လှေတစ်စီးပေါ်က အမျိုးသားနှစ်ဦးကို စိတ်ကြွဆေးပြား ၂ သိန်းကျော်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီ မိနစ် ၄၀ မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ တက္ကနပ်ဖ်မြို့ရှိ လဘာရှေးရာ ဒုက္ခသည်စခန်းမှာ နေထိုင်သူ နေဂျဟတ်တူဆောင်း (၂၅ နှစ်) နဲ့ ဂျဘူရာမန် (၁၅ နှစ်) တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရေယာဉ်နဲ့ ကင်းလှည့်နေစဉ် ဖမ်းမိခဲ့တာပါ။

ဆာလာအိတ် နှစ်အိတ်ထဲမှာ စိတ်ကြွဆေးပြား ၂၂၉၅၀ဝ ပြား၊ တန်ဖိုး ငွေကျပ် သိန်း ၄၅၉၀ ဖိုး ဖမ်းမိတဲ့အတွက် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းမိရေး ဆောင်ရွက်နေပါတယ်။