ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ထဲက Morning Star စားသောက်ဆိုင်ကို အင်အားသုံး ဖယ်ရှား

0
442

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် ပိုင်နက်ထဲမှာ ရှိနေတဲ့ Morning Star Café စားသောက်ဆိုင်ကို မနေ့က ဇွန်လ ၁၁ ရက်မှာ ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ စည်ပင်တို့ပါဝင်တဲ့ အဖွဲ့တွေက အင်အားသုံး ဖယ်ရှား ဖြိုချလိုက်ပါတယ်။

အဲဒီနေရာကနေ ဖယ်ရှားဖို့ ၂၀၁၃ ခုနှစ်ကတည်းက နို့တစ်စာ ၂ ကြိမ် ပေးခဲ့ပါတယ်။ မဖယ်ရှားတဲ့အတွက် အင်အားသုံး ဖယ်ရှားရှင်းလင်းတာ ဖြစ်ပါတယ်။

Morning Star Café ဘက်ကလည်း သူတို့ဆိုင်အနီးက Royal Rose Hotal အကျိုးအတွက် မြေငှားဂရန် ထုတ်ပေးဖို့ သူတို့ကို ဖယ်ရှားခိုင်းတာဖြစ်လို့ ပြန်လည်သုံးသပ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီတို့ကို ဇွန်လ ၉ ရက်နေ့နေ့စွဲနဲ့ ပေးပို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)