ထိုင်းက ပျောက်ဆုံးသွားတဲ့ သက်တမ်းရင့် ဆင်စွယ်ကြီး တစ်စုံ DKBA ပိုက်နက်ထဲ ရောက်နေ

0
241

ထိုင်းနိုင်ငံရှိ ကရင်ရွာတစ်ခုကနေ အခိုးခံရတဲ့ ရာစုနှစ်ချီ သက်တမ်းရှိ ဆင်စွယ်ကြီး တစ်စုံဟာ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) ရဲ့ ပိုင်နက်ထဲ ရောက်နေတာ တွေ့ရတယ်လို့ ထိုင်းရဲတွေက ပြောဆိုလိုက်ပါတယ်။

ရာစုနှစ်ချီ သက်တမ်းရှိ ဆင်စွယ်ကြီး တစ်စုံဟာ ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်ထဲက ကရင်ရွာတစ်ရွာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

DKBA စစ်သားတွေအနေနဲ့ အဲဒီဆင်စွယ်ကြီးကို ပြန်သယ်ယူပေးခဲ့ဖို့နဲ့ ခိုးသွားတယ်လို့ သံသယရှိသူကို ဖမ်းခဲ့ပေးဖို့ ထိုင်းနယ်ခြားစောင့်တပ်က တောင်းဆိုပြီး ရဲအရာရှိတွေဟာ ပုပ္ဖရခရိုင်ထဲက ရွာတစ်ခုမှာ စောင့်ဆိုင်းနေကြပါတယ်။

DKBA ကတော့ အဲဒီ ဆင်စွယ်ကြီး တစ်စုံဟာ ထိုင်း-မြန်မာနယ်စပ်က တောင်ပေါ်ကျောင်းတစ်ခုမှာ ရောက်နေတာ ဖြစ်တဲ့အတွက် သယ်ယူဖို့ အချိန်ယူရမယ်လို့ ပြောကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

ဆင်စွယ်ကြီးဟာ နှစ် ၂၀၀ ခန့် သက်တမ်းရှိတယ်လို့ ဆိုကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လက်တွန်ကူးရွာကနေ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ခိုးယူသွားတယ်လို့ သံသယ ရှိသူကတော့ ကျေးရွာလူကြီးဟောင်း ဘိုင်ဆု ခီရီဒူဂျင်ဒါ ဖြစ်ကြောင်း၊ ပုပ္ဖရခရိုင်နဲ့ နယ်မြေချင်းဆက်နေတဲ့ မြဝတီခရိုင်ထဲက တောင်ပေါ်ကျောင်းတစ်ကျောင်းဆီ သယ်သွားကြောင်း ရွာလူကြီးတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။

ဘိုင်ဆုဟာ ဆင်စွယ်ကြီးတွေ မပျောက်ဆုံးခင် တစ်ရက်က ဆင်စွယ်တွေထားရာ ကျောင်းဆောင်မှာ တစ်ညအိပ်ဖို့ ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)