မြန်မာနိုင်ငံထွက် ပယင်းထဲမှာ နှစ် ၉၉ သန်းရှိ ငှက်ငယ်ရုပ်ကြွင်းတွေ့ရှိ

0
316

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပယင်းတစ်ခုထဲမှာ အကောင်းပကတိနီးပါး အသေးစိတ်မြင်ရတဲ့ ငှက်သားပေါက် တစ်ကောင်ရဲ့ အစိတ်အပိုင်းကို သိပ္ပံပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ငှက်ငယ်ပုံကို 3D နဲ့ အပြည့်အစုံ ဒီဇိုင်းပြန်ဖော်ထားတဲ့ပုံ ဖြစ်ပါတယ်

အလွန်အသေးစိတ် ပြည့်စုံနေသေးတဲ့ ငှက်သားပေါက် အစိတ်အပိုင်းကလေးမှာ အမွေးအတောင်၊ ခြေသည်းတွေ မြင်နေရပြီး လွန်ခဲ့တဲ့ နှစ် ၉၉ သန်းက ဖြစ်တယ်လို့ စမ်းသပ်သိရှိရပါတယ်။

ဒီလောက် နှစ်တွေ ကြာခဲ့တုန်း ငှက်မျိုးစိတ်မျိုးကို ဒီလို ပြည့်ပြည်စုံစုံ တစ်ခါမှ မမြင်ဖူးပါဘူးလို့ ကနေဒါနိုင်ငံ၊ တော်ဝင် ဆက်ကာချီဝမ် ပြတိုက်က ရိုင်ယန် မက်ကယ်လာက ပြောပါတယ်။

၂၀၁၄ ခုနှစ်က သတ္တုတွင်း တစ်ခုကနေ တွားသွားတစ်ကောင်ကောင်ရဲ့ ခြေသည်းလို့ ထင်မှတ်ပြီး ဝယ်ယူစုဆောင်းသူတစ်ဦးက ဝယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟူပို ပယင်း ပြတိုက် ဒါရိုက်တာက ငှက်ငယ်တစ်ကောင်ရဲ့ အစိတ်အပိုင်းဆိုတာ လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)