Y-8 ပျက်ကျ လေယာဉ်ကနေ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၇၆ လောင်း ရှိလာ

0
262

မောင်းမကန် ကမ်းခြေအနီးမှာ ဒီနေ့ ဇွန်လ ၁၂ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ရေယာဉ်တစ်စီးက ကလေးရုပ်အလောင်း ၁ လောင်း ရှာတွေ့ခဲ့တာကြောင့် ရှာဖွေ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၇၆ လောင်း ရှိသွားပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

အမျိုးအမည် ထပ်မံခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၆ လောင်းကို ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသုဿန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

သင်္ဂြိုလ်ပေးခဲ့တဲ့ ရုပ်အလောင်း စုစုပေါင်း ၂၉ လောင်းရှိပြီ ဖြစ်ပြီး တပ်မတော် အရာရှိ အလောင်း ၃ လောင်း၊ စစ်သည်ရုပ်အလောင်း ၅ လောင်း၊ အမျိုးသား အလောင်း ၉ လောင်း၊ အမျိုးသမီး အလောင်း ၁၆ လောင်း၊ ကလေးအလောင်း ၄ လောင်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)