မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်တဲ့ ဂျပန် ကုမ္ပဏီ ၃၄၆ ခု ရှိလာ

0
283

 

ဂျပန်ကုန်သည်ကြီးများ အသင်းရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ ၂၀၁၁ ခုနှစ်မှာ ၅၀ သာရှိခဲ့ရာကနေ ၂၀၁၇ ဧပြီလမှာတော့ ကုမ္ပဏီပေါင်း ၃၄၆ ခု ရှိလာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂုချိက ကြေးမုံသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။ အာရှဒေသမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားပြီး အခွင့်အရေး အများဆုံးရှိတဲ့ တိုင်းပြည်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်နဲ့ စင်ကာပူ စတဲ့ တတိယနိုင်ငံတွေက တဆင့် ရင်းနှီးမြှုပ်နှံလာတဲ့ လုပ်ငန်းတွေကိုပါ ထည့်တွက်ရင် ဂျပန်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အလွန်မြင့်မားတဲ့အဆင့် ရောက်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)