ဘုန်းကြီးကျောင်းတွေမှာ အမြဲနေ လူပုဂ္ဂိုလ်တွေကို ဖယ်ရှားဖို့ မဟန ညွှန်ကြား

0
300

မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ အမြဲနေထိုင်နေတဲ့ လူပုဂ္ဂိုလ်တွေကို လာမယ့် ဇူလိုင်လကုန်မှာ ဖယ်ရှားသွားဖို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့က မန္တလေးမြို့ရှိ သီရိမင်္ဂလာ ဂွေးချိုတိုက်၊ မေသက်ဘရားသား ကျောင်းရှိ မြို့နယ်သံဃ နာယက အဖွဲ့ရုံးမှာ ဥက္ကဋ္ဌ ဘဒ္ဒန္တ ပညိန္ဒာဘိဝံသက ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

သက်ကြီးရွယ်အို၊ သား၊ သမီး ကျောထောက်နောက်ခံ မရှိတဲ့ ရဟန်း ခမည်းတော်၊ မယ်တော်တွေကလွဲလို့ မာတုဂါမတွေ အပါအဝင် အမြဲနေထိုင်သူ လူပုဂ္ဂိုလ်တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း စာရင်း ကောက်ယူပြီး ဇူလိုင်လ အတွင်း နောက်ဆုံးထား ဖယ်ရှားရမှာ ဖြစ်ပါတယ်။

ရက်ကျော်လွန် နေထိုင်သူတွေရှိရင် တည်ဆဲဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)