Y-8 ပျက်ကျလေယာဉ် ရှာဖွေဆယ်ယူရေးတွေ ဆက်လက် လုပ်ဆောင်

0
273

ရာသီဥတု ကောင်းမွန်တဲ့အတွက် Y-8 ပျက်ကျ လေယာဉ် ရှာဖွေဆယ်ယူရေးကိစ္စတွေကို ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရှာဖွေဆယ်ယူရေး နေရာတစ်ဝိုက်မှာ လှိုင်းအမြင့် ၁ ဒသမ ၅ မီတာနဲ့ လေတိုက်နှုန်း တစ်နာရီမှာ ၅ မိုင်ကနေ ၁၀ မိုင်အထိသာ ရှိပါတယ်။

ပျက်ကျလေယာဉ်ကို ဆိုနာစနစ် တပ်ဆင်ထားတဲ့ ရေတပ် စစ်ရေယာဉ်တွေနဲ့ နေရာဖြန့်ခွဲ ရှာဖွေနေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ရုပ်အလောင်း စုစုပေါင်း ၆၂ လောင်း တွေ့ရှိပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)