မလေးရှားမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ၄၀၀ နီးပါး ပြန်လည်ရောက်ရှိ

0
299

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံခဲ့ရပြီး ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၃၉၁ ဦးကို မလေးရှားအစိုးရ အစီအစဉ်နဲ့ အထူးလေယာဉ် ၂ စီး စင်းလုံးငှားပြီး ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံသား မှန်ကန်မှု စိစစ်ပြီး မြန်မာသံရုံး ကွာလာလမ်ပူမြို့က ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ပေးခဲ့ပါတယ်။

Certificate of Identity ရရှိပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တို့က ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ သူတွေအနေနဲ့ သက်ဆိုင်ရာ နေရပ်ကို ပြန်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးမှာဖြစ်ပြီး၊ Community Based Facility Quarantine (၂၁) ရက် ထားရှိနိုင်ဖို့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)