ထိခိုက်နစ်နာမှုကြီးမားလာရင် ဥပဒေကြောင်း အရ တုံ့ပြန်သွားမယ်လို့ ကြံ့ခိုင်ရေးပါတီပြော

0
359

ထိခိုက်နစ်နာမှုကြီးမားလာရင် ရေးသား၊ ပြောဆို၊ ထုတ်လွှင့်တာတွေကို ဥပဒေကြောင်း အရ တုံ့ပြန်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။

မေလ (၁၂) ရက်နေ့က နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးပိုက်ထွေးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ ကြံ့ခိုင်ရေးပါတီက အရင်အစိုးရလက်ထပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ၀န်ကြီးချုပ်ဟောင်းတွေရဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တိုကိစ္စရပ်တွေကို အဓိက ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ ကြံ့ခိုင်ရေးပါတီကို ဟိုဟာနဲ့ဆွဲ၊ ဒီဟာနဲ့ဆွဲ၊ မင်းမဟုတ်ရင် မင်းဘကြီး၊ မင်းဘကြီး မဟုတ်ရင် မင်းဦးလေး ဆိုတဲ့ ပုံသဏ္ဏာန်မျိုးတွေနဲ့ လာလုပ်နေတာကိုတော့ တွေ့နေရတယ်လို့လည်း ဦးပိုက်ထွေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)