၂၁ ရာစု ပင်လုံကနေ တစ်နိုင်ငံလုံး အကျိုးအတွက် အစုအဖွဲ့တွေရဲ့ အကျိုးကို မဆန့် ကျင်တဲ့ ရလဒ် အဖြေလိုအပ်

0
370

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကနေ တစ်နိုင်ငံလုံး အကျိုးအတွက် အစုအဖွဲ့ တွေရဲ့ အကျိုးကို မဆန့်ကျင်တဲ့ အကျိုးရှိတဲ့ ရလဒ် အဖြေလိုအပ်တယ်လို့ ဒုတိယ ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA) ( Myanmar’s State Counselor Aung San Suu Kyi (C) attends a meeting with members of the Union Peace Dialogue Joint Committee (UPDJC) in Naypyitaw, Myanmar, 12 May 2017. )

မေလ ၁၂ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ နိုင်ငံရေး ဆွေးနွေးပွဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲနိုင်တဲ့ အခွင့်အရေးတွေ ပါရှိခဲ့တယ်လို့လည်း ပြောကြားခဲ့တာပါ။

 ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို မေလ ၂၄ ရက်မှာ ကျင်းပဖို့ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)