ငြိမ်းချမ်းရေးကို မလိုချင်လို့ နည်းအမျိုးမျိုးနဲ့ ကြန့်ကြာအောင် လုပ်ဆောင်နေတာတွေ ရှိတယ်

0
347

ငြိမ်းချမ်းရေးကို မလိုချင်လို့ရှိရင်တော့ နည်းအမျိုးမျိုးနဲ့ ကြန့်ကြာအောင် လုပ်ဆောင်နေတာတွေ ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA) (Myanmar’s State Counselor Aung San Suu Kyi addresses members of the Union Peace Dialogue Joint Committee (UPDJC) during their meeting in Naypyitaw, Myanmar, 12 May 2017.)

မေလ ၁၂ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC  အစည်းဝေးအဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီလို ပြောကြားရာမှာတော့ ငြိမ်းချမ်းရေးအတွက် တကယ်ရော ဆန္ဒရှိကြရဲ့လားလို့ မေးထားပြီး တကယ်ဆန္ဒရှိမှ ကျန်တဲ့ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့နဲ့ ပံ့ပိုးပြီးတော့ အောင်မြင်မှုကို ရရှိနိုင်မယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို တက်ရောက်လာသူ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိတယ်လို့ ယုံကြည်ကြောင်းနဲ့ အမှန်တကယ် ရှိ၊ မရှိတာ ဆိုတာကတော့ ပြည်သူလူထုနဲ့ သမိုင်းက ဆုံးဖြတ်လိမ့်မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)