ICRC အဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံ

0
304

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ရဲ့ ဥက္ကဋ္ဌကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံလိုက်ပါတယ်။

 

မေလ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ကာကွယ်ရေး ဦးစီးချုပ်က ICRC အဖွဲ့ ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေ တဲ့  ဂျီနီဗာမြို့အခြေစိုက် International Committee of the Red Cross (ICRC) အဖွဲ့ရဲ့  ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရခိုင်ပြည်နယ်ကို သွားရောက်မှုတွေ ရှိခဲ့တာပါ။

ဒါအပြင် ကချင်ပြည်နယ်အတွင်းက KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုက်ဇာဒေသကိုလည်း သွားရောက်စီစဉ်ခဲ့ပေမယ့် မြန်မာအစိုးရက လုံခြုံရေးကြောင့် သွားရောက်ခွင့်မပြုခဲ့ပါဘူး။

ဒီလိုသွားရောက်ခွင့် မပေးခဲ့တဲ့အပေါ် Mr. Peter Maurer ကတော့ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေကို ပိတ်ပင်တာမျိုး မလုပ်ဖို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)