တရားဝင်မှတ်ပုံတင်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ သတင်းအေဂျင်စီပေါင်း ၃၅၀၀ ကျော်ရှိ

0
299

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ သတင်းအေဂျင်စီ စုစုပေါင်း ၃၅၀၀ ကျော် ရှိနေပြီလို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ -LYNN BO BO (EPA/YANGON) (A staff member of Myanmar Times weekly journal minds the printing presses following the news that the Myanmar government is to allow the publication of private daily newspapers from 01 April 2013, in Yangon, Myanmar, 10 January 2013. )

မေလ ၁၂ ရက်နေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနက အဲဒီလို သတင်းထုတ်ပြန်လာတာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် သတင်းမီဒီယာဥပဒေကို ပြဌာန်းပြီးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို ဖျက်သိမ်းကာ အခုလို ပုံနှိုပ်ထုတ်ဝေရေးနဲ့ သတင်းအေဂျင်စီတွေကို တရားဝင် ခွင့်ပြုလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)