ဥပဒေစိုးမိုးရေးနဲ့ အရေးယူမှုအားနည်တာ မကောင်းဟု အစ္စလာမ်သာသနာရေးရာကောင်စီဆို

0
342

ဥပဒေစိုးမိုးရေးနဲ့ အရေးယူမှုအားနည်တာ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် မကောင်းဘူးလို့ အစ္စလာမ်သာသနာရေးရာကောင်စီက တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – Islamic Religious Affairs Council Mingalar Taung Nyunt

မေလ ၁၂ ရက်နေ့ နိုင်ငံပိုင်းကြေးမုံသတင်းစာမှာ ဖော်ပြလာတဲ့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့က ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အဲ့ဒီကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးညွန့်မောင်ရှိန်က ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲ့ဒီလိုပြောကြားရာမှာတော့ ဦးညွန့်မောင်ရှိန်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ထိခိုက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးရဲ့ မျက်နှာကို တန်ဖိုးမထားဘဲ အမုန်းတရားတွေပွားဖို့ လုပ်နေတာတွေ ရှိနေတယ်လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)