ဝင်းနဲ့ ဇော် လွတ်မြောက်ရေး မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်းက ထိုင်းတရားရုံးချုပ်ကို တင်ပြစာပေးအပ်

0
310

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံဥပဒေဘွဲ့ရသူများအသင်းက ထိုင်းနိုင်ငံတရားရုံးချုပ်ကို တင်ပြစာပေးအပ်ခဲ့ပါတယ်။

 

အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဌေးဦးနဲ့ အဖွဲ့ဝင်တွေက ဧပြီလ ၁၈ ရက်နေ့က အဲ့ဒီလိုပေးအပ်ခဲ့တာလို့ ASEAN IP Annual Meeting ခရီးစဉ်အပြီး  မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာစဉ် အဲဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်းအနေနဲ့ ထိုင်းဘုရင်မင်းမြတ် အပါအ၀င် ထိုင်းဝန်ကြီးချုပ်တို့ဆီကို ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် တင်ပြတဲ့ စာမူပေးခဲ့တဲ့အပြင် ထိုင်းနိုင်ငံ တရားရုံးချုပ်ကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဥပဒေကြောင်း အချက်အလက်တွေအရ ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် တင်ပြစာကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)