ရန်ကုန်မြို့တော်အတွင်းက ဈေးပေါင်း ၂၁ ဈေးကို အဆင့်မြှင့်တင်မယ်

0
342

ရန်ကုန်မြို့တော်အတွင်းက ဈေးပေါင်း ၂၁ ဈေးကို အဆင့်မြှင်တင်မှုလုပ်ငန်းတွေ စတင်တော့ မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တရားဝင်ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – ဖေဇော် (မြန်မာအလင်း)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန ဒုတိယဌာနမှူး ဦးစည်သူလွင်က မြန်မာ့အလင်းသတင်းစာရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုအဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်မယ့် စီမံကိန်းထဲမှာ ပါဝင်တဲ့ဈေးတွေကတော့ ဗိုလ်တထောင်မြို့နယ် (ဘိုကလေးဈေး)၊ စမ်းချောင်းမြို့နယ် (ဂွဈေး)၊ ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေး (စီရုံ၊ အီးရုံ)၊ တာမွေမြို့နယ် (မင်္ဂလာဈေး)၊ သင်္ဃန်းမြို့နယ် (စံပြဈေး)၊ တာမွေမြို့နယ် (တာမွေ-ယာယီဈေး)၊ တောင်ဥက္ကလာမြို့နယ် (နန္ဒာဝန်ဈေး)၊ မရမ်းကုန်မြို့နယ် (မြရတနာဈေး)၊ ပုဇွန်တောင်မြို့နယ် (ပုဇွန်တောင်ဈေး)၊ ဒလမြို့နယ် (ကမာဆစ်ဈေး) နဲ့ လှိုင်မြို့နယ် (လှိုင်ရတနာဈေး) တို့ ပါဝင်နေတာပါ။

ဒီဈေးတွေ အဆင့်မြှင့်တင်မှုအတွက် ဒီဇီုင်းတွေကိုတော့ မြန်မာနိုင်ငံဗိသုကာအသင်းက ပြိုင်ပွဲတွေ လုပ်ပြီး ရွေးချယ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)