လွှတ်တော်မှာ မီးမပြတ်အောင်လုပ်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား

0
371

လွှတ်တော်မှာ မီးမပြတ်အောင်လုပ်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား
လွှတ်တော်အတွင်း လျှပ်စစ်မီးမပြတ်အောင်နဲ့ မီးပြတ်ခဲ့မယ်ဆိုရင်လည်း အမြန်ဆုံးပြန်ရအောင် ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၁၁ ရက်နေ့က နေပြည်တော်၊ လွှတ်တော် အဆောက်အအုံရှိ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ ၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဦးဝင်းမြင့်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် ဧည့်ခံကျွေးမွေးရေးအပိုင်းတွေမှာလည်း သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဖြစ်ဖို့ စစ်ဆေးဆောင်ရွက်ပေးကြဖို့ကိုလည်း မှာကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)