လုပ္ငန္းခြင္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ အလုပ္သမားညီလာခံမွာ ဆံုးျဖတ္မယ္

0
322

လုပ္ငန္းခြင္အတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈနဲ႔ပတ္သက္ၿပီး ေကာ္မတီဖြဲ႕စည္း ေဆာင္ရြက္ျခင္းနဲ႔ အေျခခံဥပေဒမွာ ထည့္သြင္းသင့္မသင့္ကို အလုပ္သမားညီလာခံမွာ ဆံုးျဖတ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္း ေထာက္ေဌးေဌးက ေပးပို႔ထားပါတယ္။

လုပ္ငန္းခြင္အတြင္း အမ်ဳိးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈေတြဟာ အျမဲလို လိုရွိေနေပမယ့္ တိုင္းတာမယ့္ စံႏႈန္းက အေရးႀကီးတာေၾကာင့္ အေသးစိတ္ျပန္လည္ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM) က ေျပာပါတယ္။

အဲဒီလိုေဆြးေႏြးရာမွာ ကြ်မ္းက်င္သူလိုအပ္သလို ဥပေဒရႈေထာင့္၊ လူမႈေရးရႈေထာင့္အရ သတ္မွတ္ ခ်က္ေတြမွာ ၾကည့္တဲ့အၾကည့္၊ ၿပံဳးတဲ့အျပံဳးကအစ သတ္မွတ္သင့္၊ မသင့္ကို ေဆြးေႏြးသြားမယ္လို႔လည္း ေျပာပါတယ္။

ဦးေမာင္ေမာင္(ဥကၠဌ)
ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM)

အမ်ဳိးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈေတြနဲ႔ ကိုယ္အမူအရာ၊ ႏႈတ္အမူအရာေတြနဲ႔ ျပဳမူေျပာဆိုခဲ့ရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကတစ္ဆင့္ တိုင္ၾကားႏိုင္သလို အမ်ဳိးသမီးစင္တာကိုလည္း တိုင္ၾကားႏိုင္တယ္လို႔ ေျပာပါတယ္။

သန္႔ဇင္ေထြး(စည္းရံုးေရးမွဴး)
ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM)

လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈေတြနဲ႔ပတ္သက္ၿပီး တိုင္ၾကားပါက ေျဖရွင္းေဆာင္ရြက္ေပးေနေပမယ့္ အမ်ားစုက လာေရာက္တိုင္ၾကားမႈ နည္းပါးၿပီး စက္ရံု၊ အလုပ္ရံုေတြကို သြားေရာက္ေမးျမန္းမွသာ ေျဖၾကား တာေတြ ပိုမ်ားတယ္လို႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမား သမဂၢ မ်ားအဖြဲ႕ခ်ဳပ္ကေျပာ ပါတယ္။
ျမန္မာနိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က လုပ္ငန္းခြင္အတြင္း လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမႈေတြကို မတ္လ ၉ ရက္ေန႔က စတင္ေဆာင္ရြက္ေနတယ္လို႔ ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အလုပ်သမားညီလာခံမှာ ဆုံးဖြတ်မယ်

လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်းနဲ့ အခြေခံဥပဒေမှာ ထည့်သွင်းသင့်မသင့်ကို အလုပ်သမားညီလာခံမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်း ထောက်ဌေးဌေးကပေးပို့ထားပါတယ်။

လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေဟာ အမြဲလို လိုရှိနေပေမယ့် တိုင်းတာမယ့် စံနှုန်းက အရေးကြီးတာကြောင့် အသေးစိတ်ပြန်လည်ဆွေးနွေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) က ပြောပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ ကျွမ်းကျင်သူလိုအပ်သလို ဥပဒေရှုထောင့်၊ လူမှုရေးရှုထောင့်အရ သတ်မှတ် ချက်တွေမှာ ကြည့်တဲ့အကြည့်၊ ပြုံးတဲ့အပြုံးကအစ သတ်မှတ်သင့်၊ မသင့်ကို ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

ဦးမောင်မောင်(ဥက္ကဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေနဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ပြုမူပြောဆိုခဲ့ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် တိုင်ကြားနိုင်သလို အမျိုးသမီးစင်တာကိုလည်း တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

သန့်ဇင်ထွေး(စည်းရုံးရေးမှူး)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားပါက ဖြေရှင်းဆောင်ရွက်ပေးနေပေမယ့် အများစုက လာရောက်တိုင်ကြားမှု နည်းပါးပြီး စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်မေးမြန်းမှသာ ဖြေကြား တာတွေ ပိုများတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ်ကပြော ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို မတ်လ ၉ ရက်နေ့က စတင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်ရှင်

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)