ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ထိုင္းဘုရင့္အတိုင္ပင္ခံ ေကာင္စီဥကၠ႒နဲ႔ ေတြ႔ဆံု

0
227

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဟာ ထိုင္းဘုရင့္အတိုင္ပင္ခံ ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ဖရင္မ္ တင္ဆူလာႏြန္ဒါနဲ႔ မတ္လ ၁၁ ရက္ေန႔က ဂါရဝျပဳေတြ႔ဆံုခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းဘုရင့္အတိုင္ပင္ခံ ေကာင္စီဥကၠ႒ရဲ႕ ေနအိမ္မွာ ေတြ႔ဆံုခဲ့တာ ျဖစ္ၿပီး တပ္မေတာ္ ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တိုးတက္တဲ့ အေျခအေနေတြ၊ ျမန္မာႏိုင္ငံ တည္ၿငိမ္ဖြံ႔ၿဖိဳးေရးအတြက္ တပ္မေတာ္ ႏွစ္ရပ္ၾကား ပူးေပါင္းေဆာင္ရြက္မႈ ျမွင့္တင္ျခင္းနဲ႔ အဆင့္အလိုက္ အျပန္အလွန္ လည္ပတ္မႈ အေျခအေနေတြကို ေဆြးေႏြးခဲ့ပါတယ္။

ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ပြန္ပီပါအတ္ ဘင္ညာဆရီရဲ႕ ဖိတ္ၾကားခ်က္အရ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဟာ ထိုင္းႏိုင္ငံကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ အဖြဲ႔ဟာ မတ္လ ၁၁ ရက္ေန႔မွာပဲ ေနျပည္ေတာ္ကို ျပန္လည္ ေရာက္ရွိခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖရင်မ် တင်ဆူလာနွန်ဒါနဲ့ မတ်လ ၁၁ ရက်နေ့က ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။

ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်တဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် တပ်မတော် နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနဲ့ အဆင့်အလိုက် အပြန်အလှန် လည်ပတ်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပီပါအတ် ဘင်ညာဆရီရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ မတ်လ ၁၁ ရက်နေ့မှာပဲ နေပြည်တော်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)