ဦးဝီရသူ ပါးစပ်ကို တိပ်ကပ်ပြီး ၀စီပိတ်ဆန္ဒထုတ်ဖော်

0
294

သံဃမဟာနာယကအဖွဲ့ရဲ့ ၁ နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံရတဲ့ ဦးဝီရသူဟာ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး ၀စီပိတ်ဆန္ဒထုတ်ဖော်လိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့ညက အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာမှာ ပြုလုပ်တဲ့ တရားပွဲမှာ  ၀စီပိတ်တရားပွဲဟုဆိုကာ  ပါးစပ်ကို တိပ်နဲ့ပိတ်ပြီး အရင်က ဟောကြားခဲ့တဲ့ တရားခွေကို ဖွင့်ပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာပါ။

ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ကြောင်း မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သံဃမဟာ နယကက ထုတ်ပြန်ကြေညာထားတာပါ။

ပိတ်ပင်မှုကို လိုက်နာမှုမရှိရင်  တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း သတိပေးထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သာသနာရေး ၀န်ကြီး သူရဦးအောင်ကိုကတော့ နိုင်ငံတော်သံဃနာယကအဖွဲ့က ပထမအဆင့်အနေနဲ့ ဓမ္မစက်နဲ့ ထိထိရောက်ရောက်ဟန့်တား သွားဖို့ရှိနေပြီး ဟန့်တားလို့မရရင် မလိုက်နာဘူးဆိုရင် အာဏာစက်ကို လွှဲပေး သွားမယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)