လူညီလို့ “ဤ” ကို “ကျွဲ” ဖတ်လို့ရတယ်ဆိုတဲ့ စနစ်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်မဟုတ်ဟု ကြံ့ခိုင်ရေးပါတီဆို

0
275

လူညီလို့ “ဤ” ကို “ကျွဲ” ဖတ်လို့ရတယ်ဆိုတဲ့ စနစ်ဟာ စစ်မှန်တဲ့ဒီမိုကရေစီ စနစ်မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။

မတ်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ လူထုတွေ့ဆုံပွဲ အဖွင့်နှုတ်ဆက်စကားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ “အများညီရင် “ဤ” ကို “ကျွဲ ” ဖတ်လို့ရတယ် ဆိုတဲ့ စနစ်ဟာ စစ်မှန်တဲ့ဒီမိုကရေစီ စနစ်မဟုတ်ပါဘူး။” လို့ ပြောကြားထားတာပါ။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေကို ကြားဖြတ်ရွေးကောက်အကြိုကာလ မဲဆွယ်စည်းရုံးရေးအနေနဲ့ သွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)