ဒုတိယသမ္မတလောင်းတွေမှာ သမ္မတ အရည်အချင်း ကိုက်ညီမှုရှိမရှိ ထုတ်ပြန်ကြေညာဖို့ရှိနေ

0
301

ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းပေးပို့ထားတဲ့ ဒုတိယသမ္မတလောင်းတွေမှာ သမ္မတ အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ မကြာခင် ထုတ်ပြန်ကြေညာဖို့ရှိနေပါတယ်။ လွှတ်တော် ၂ ရပ်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်သွင်းထားတဲ့ ဒုတိယသမ္မတတွေမှာ သမ္မတ အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ်ရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို လာမည့် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာ ပေးသွားမှာပါ။ ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်တင်မြှောက်မယ့် အခမ်းအနား လွှတ်တော်တွင်းကျင်းပမယ့် နေ့ရက်နဲ့ အချိန်တွေကိုလည်း အဲ့ဒီနေ့မှာပဲ ပြည်ထောင်စုလွှတ်တော် နာယက ကြေညာဖို့ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)