မြန်မာမြေပိုင်နက်မှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို ဥပဒေနဲ့ အညီ အရေးယူမယ်

0
1142

မြန်မာနိုင်ငံရဲ့ နယ်စပ်ခြံစည်းရိုးအနီး မြန်မာမြေပိုင်နက်မှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တော့မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။




>>>>>>>>>>>>>>>>>>>

မြန်မာမြေပိုင်နက်မှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေ ပြန်မလာရင် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်တော့မယ်

မြန်မာနိုင်ငံရဲ့ နယ်စပ်ခြံစည်းရိုးအနီး မြန်မာမြေပိုင်နက်မှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေ ပြန်မလာရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တော့မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး မြန်မာဘက်ခြမ်းမှာ တရားမဝင်နေထိုင်နေကြတဲ့ ဘင်္ဂါလီအုပ်စုကို စကားပြန်က တဆင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားထားတဲ့ ရုပ်သံဖိုင်ကို Dhaka Tribune သတင်းဌာနက ထုတ်ပြန်ထားတာလဲဖြစ်ပါတယ်။

ပြောကြားရာမှာတော့ မြန်မာနိုင်ငံဘက်ကို ပြန်မလာပဲ ဆက်လက် နေထိုင်ပါက အဲ့ဒီနေရာမှာဟာ မြန်မာနိုင်ငံရဲ့ ပိုင်နက် နယ်မြေ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ အရေးယူတာတွေကို လုပ်ဆောင်ရလိမ့်မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)