
0
992


PHOTO- EPA-EFE/HEIN HTET



>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA လက်မှတ်ထိုးမယ့် တိုင်းရင်းသားနှစ်ဖွဲ့ကို Nippon Foundation ဥက္ကဋ္ဌ တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုရဲ့ ခေါင်းဆောင်တွေနဲ့ Nippon Foundation ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာတို့နဲ့ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SasaKawa တို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေးမှုအတွင်းမှာတော့ NCA လက်မှတ်ရေး ထိုးမယ့် လုပ်ငန်းစဉ်တွေ၊ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ဂျပန်နိုင်ငံ အနေနဲ့ ပေးအပ်သွားမယ့် အကူအညီတွေကို ဆွေးနွေးခဲ့ကြတာလဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)