တိုင္းရင္းသား ၂ ဖြဲ႔ကို မတရားအသင္းအျဖစ္ ဖ်က္သိမ္းမႈ ယာယီဆိုင္းငံ့တဲ့ သေဘာသာဟုဆို

0
1121

NCA လက္မွတ္ထိုးမယ့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၂ ဖြဲ႔ကို မတရားအသင္းအျဖစ္ ဖ်က္သိမ္းမႈ ယာယီဆိုင္းငံ့တဲ့ သေဘာသာျဖစ္တယ္လို႔ လႊတ္ေတာ္ ဥကၠ႒ေဟာင္း သူရဦးေရႊမန္းက ေျပာၾကားလိုက္ပါတယ္။

EPA/NARONG SANGNAK

ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔က လူမႈကြန္ရက္စာမ်က္ႏွာက တဆင့္ သူရဦးေရႊမန္းက ေျပာၾကားလိုက္တာပါ။

ဒီလို ေျပာၾကားရာမွာေတာ့ အပစ္အခတ္ရပ္စဲေရးဟာ ၿငိမ္းခ်မ္းေရးကို ေရွ႕႐ႈ႕ၿပီး ေဒသခံေတြနဲ႔ ျပည္သူေတြရဲ႕ ဒုကၡနဲ႔ ေသာကကို ေလ်ာ့နည္းေစသလို ျပည္သူအေပၚ ညႇာတာမႈ၊ စာနာမႈရွိတာကို ျပသရာေရာက္တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ဒါအျပင္ မတရားအသင္းအျဖစ္ကိုလည္း ယာယီဆိုင္းငံ့တဲ့ သေဘာျဖစ္လို႔ အဖြဲ႔၀င္ေတြနဲ႔ အက်ိဳးေဆာင္ေပးသူေတြအတြက္ကိုပါ ေကာင္းေသာအက်ိဳးသက္ေရာက္မႈကို ရေစတယ္လို႔ဆိုတာပါ။ အလားတူ NCA စာခ်ဳပ္ကို လက္မွတ္ထပ္ထိုးမဲ့ ညီေနာင္အဖြဲ႔ေတြကို ႀကိဳဆိုဂုဏ္ျပဳတယ္လို႔လည္း ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား ၂ ဖွဲ့ကို မတရားအသင်းအဖြစ် ဖျက်သိမ်းမှု ယာယီဆိုင်းငံ့တဲ့ သဘောသာဟုဆို

NCA လက်မှတ်ထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို မတရားအသင်းအဖြစ် ဖျက်သိမ်းမှု ယာယီဆိုင်းငံ့တဲ့ သဘောသာဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာက တဆင့် သူရဦးရွှေမန်းက ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ အပစ်အခတ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေးကို ရှေ့ရှု့ပြီး ဒေသခံတွေနဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့ သောကကို လျော့နည်းစေသလို ပြည်သူအပေါ် ညှာတာမှု၊ စာနာမှုရှိတာကို ပြသရာရောက်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါအပြင် မတရားအသင်းအဖြစ်ကိုလည်း ယာယီဆိုင်းငံ့တဲ့ သဘောဖြစ်လို့ အဖွဲ့ဝင်တွေနဲ့ အကျိုးဆောင်ပေးသူတွေအတွက်ကိုပါ ကောင်းသောအကျိုးသက်ရောက်မှုကို ရစေတယ်လို့ဆိုတာပါ။

အလားတူ NCA စာချုပ်ကို လက်မှတ်ထပ်ထိုးမဲ့ ညီနောင်အဖွဲ့တွေကို ကြိုဆိုဂုဏ်ပြုတယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)