ဆရာကြီးမင်းသုဝဏ်ကို အမျိုးသားဒီမိုကစီအဖွဲ့ချုပ် အမြဲအမှတ်တရရှိနေ (ရုပ်/သံ)

0
984







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့တာကြောင့် ဆရာကြီး မင်းသုဝဏ်ကို အမျိုးသားဒီမိုကစီအဖွဲ့ချုပ်က အမြဲအမှတ်တရရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီ လ(၁၁)နေ့က ရန်ကုန်မြို့ Myanmar Books Playzar မှာ ပြုလုပ်တဲ့ ကဗျာဆရာကြီးမင်းသုဝဏ်ရဲ့ (၁၀၉) နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

Soundbite – ဦးဖြိုးမင်းသိန်း(ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ နှစ်(၁၀ဝ)ပြည့် မွေးနေ့ပွဲကို တချိန်က ကျင်းပပြုလုပ်ချင်ပေမယ့် အဲ့ဒီကာလက ကျင်းပခွင့်မရရှိခဲ့ဘဲ လက်ရှိအစိုးရလက်ထက်မှာတော့ ပွင့်လင်းမြင်သာ ပြုလုပ်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ NLD ပါတီက ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောပါတယ်။

Soundbite – မုံရွာအောင်ရှင်( ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ

အဲ့ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ စာပေလောကမှ ကဗျာဆရာ၊ စာရေးဆရာတွေ တက်ရောက်ခဲ့ပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ ရေးသားခဲ့တဲ့ကဗျာတွေကို မူလတန်းကျောင်းသူ၊ကျောင်းသားငယ်တွေက ရွတ်ဆိုခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)