စစ္သားေဟာင္းတစ္ဦးက ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲ႔ တပ္မေတာ္သားေတြကို ကူညီေပးဖို႔ေတာင္းဆို(႐ုပ္/သံ)

0
1014

ျပည္ေထာက္စုေန႔မွာ တပ္မေတာ္သားေဟာင္း တစ္ဦးက ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲ႔ တပ္မေတာ္သားေတြကို ကူညီေပးဖို႔ေတာင္းဆိုလိုက္ပါတယ္ ။ ဒီသတင္း ကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲဲဲ႔ တပ္မေတာ္သားေတြကို ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးက ကူညီေပးတာေတြ ရွိေနေပမယ္႔ မလံုေလာက္ေသးတဲ႔အေျခအေနေတြရွိေနတာျဖစ္ပါတယ္ ။
၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၃)ရက္ေန႔မွာ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႕ အခမ္းအနားနဲ႔ ေနျပည္ေတာ္မွာ ျပည္ေထာင္စုအဆင့္ အခမ္းအနားေတြက်င္းပခဲ႔ေပမယ္႔ တပ္မေတာ္သားေတြပါ၀င္တာမ်ိဳးမရွိေသးတာပါ ။
အဲ႔ဒီအတြက္ မသန္စြမ္းသူေတြကို အစိုးရအေနနဲ႔ ကူညီေပးေနသလို ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲ႔ တပ္မေတာ္သား ေတြကိုလည္း ကူညီေပးဖို႔ တပ္မေတာ္သားေဟာင္းတစ္ဦးက ျပည္ေထာင္စုေန႔ အခမ္းအနားက်င္းပရာ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံအနီးမွာ ေတာင္းဆိုလိုက္တာပါ။

Soundbite— ဦးသက္ေဝ (တပ္မေတာ္သားေဟာင္း)

ဒါအျပင္ အခုလက္ရွိအခ်ိန္မွာ ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲ႔ တပ္မေတာ္သားေဟာင္းအခ်ိဳ႕မွာ စားဝတ္ေနေရး အခက္အခဲေတြ ရွိေနတာေၾကာင့္ စာအုပ္လိုက္လံေရာင္းခ်တာေတြ ရွိေနပါတယ္။ ေျခလက္အဂၤါစြန္႔လႊတ္ခဲ႔ရတဲ႔ တပ္မေတာ္သားေဟာင္းေတြမွာ စားဝတ္ေနေရး အခက္အခဲေတြရွိေနတာေၾကာင့္ အစိုးရတာဝန္ရွိသူေတြ အေနနဲ႔ ကူညီေပးဖို႔ တပ္မေတာ္သားေဟာင္း တစ္ဦးက ေတာင္းဆိုလိုက္တာပါ။

Soundbite— ဦးသက္ေဝ (တပ္မေတာ္သားေဟာင္း)

ဦးသိန္းစိန္ အစိုးရသက္တမ္းအတြင္း ျပည္သူ႔လႊတ္ေတာ္မွာ စစ္ေဘး၊ စစ္ဒဏ္ေၾကာင့္ ေျခလက္အဂၤါခ်ိဳ႕တဲ့ရ တဲ႔သူေတြအတြက္ သင္႔ေတာ္တဲ႔ အလုပ္အကိုင္ေတြ ဖန္တီးေပးဖို႔ တင္ျပထားတာေတြရွိခဲ႔ေပမယ့္ အခုလက္ရွိအခ်ိန္အထိ အေကာင္အထည္မေဖၚႏိုင္ေသးတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောက်စုနေ့မှာ တပ်မတော်သားဟောင်း တစ်ဦးက ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားတွေကို ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ် ။ ဒီသတင်း ကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံးက ကူညီပေးတာတွေ ရှိနေပေမယ့် မလုံလောက်သေးတဲ့အခြေအနေတွေရှိနေတာဖြစ်ပါတယ် ။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားနဲ့ နေပြည်တော်မှာ ပြည်ထောင်စုအဆင့် အခမ်းအနားတွေကျင်းပခဲ့ပေမယ့် တပ်မတော်သားတွေပါဝင်တာမျိုးမရှိသေးတာပါ ။
အဲ့ဒီအတွက် မသန်စွမ်းသူတွေကို အစိုးရအနေနဲ့ ကူညီပေးနေသလို ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သား တွေကိုလည်း ကူညီပေးဖို့ တပ်မတော်သားဟောင်းတစ်ဦးက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ တောင်းဆိုလိုက်တာပါ။

Soundbite— ဦးသက်ဝေ (တပ်မတော်သားဟောင်း)

ဒါအပြင် အခုလက်ရှိအချိန်မှာ ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားဟောင်းအချို့မှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတာကြောင့် စာအုပ်လိုက်လံရောင်းချတာတွေ ရှိနေပါတယ်။ ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားဟောင်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေရှိနေတာကြောင့် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ကူညီပေးဖို့ တပ်မတော်သားဟောင်း တစ်ဦးက တောင်းဆိုလိုက်တာပါ။

Soundbite— ဦးသက်ဝေ (တပ်မတော်သားဟောင်း)

ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ပြည်သူ့လွှတ်တော်မှာ စစ်ဘေး၊ စစ်ဒဏ်ကြောင့် ခြေလက်အင်္ဂါချို့တဲ့ရ တဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ တင်ပြထားတာတွေရှိခဲ့ပေမယ့် အခုလက်ရှိအချိန်အထိ အကောင်အထည်မဖေါ်နိုင်သေးတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)