ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံ များများချိတ်ဆွဲနိုင်လေ နိုင်ငံ့ဂုဏ်ကျက်သရေတိုးလေလို့ ဆို(ရုပ်/သံ)

0
1296







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို များများချိတ်ဆွဲနိုင်လေ နိုင်ငံ့ဂုဏ်ကျက်သရေတိုးလေလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ရန်ကုန်မြို့ ဆူလေအနီးမှာ ချိတ်ဆွဲထားတာနဲ့ပက်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် လူသွားလူလာများတဲ့နေရာတွေမှာ များများချိတ်ဆွဲနိုင်ရင် နိုင်ငံဂုဏ်ကျက်သရေတိုးလိမ့်မယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံမှာ ကျင်းပခဲ့တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

Soundbite – ဦးညီညီ (တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ချိတ်ဆွဲတာဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ချိတ်ဆွဲတာ ဖြစ်တဲ့အတွက် မတူညီတဲ့အမြင်တွေနဲ့ဝေဖန်တာကို အပြစ်မတင်ဘူးလို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

Soundbite – ဒေါ်သန်းမြင့်အောင် (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်)

ဖေဖော်ဝါရိလ၁၂ရက်နေ့က ကျင်းပတဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းတက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)