
0
1028




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀ဝ၈ ခြေ/ဥနဲ့အညီ တိုင်းရင်းသား အခွင့်အရေး အပြည့်အဝ ရအောင် ဆောင်ရွက်မယ်

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအပြည့်အဝ ရအောင် ဆောင်ရွက်မယ်လို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျင်းပပြုလုပ်တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအပါအဝင် အမျိုး၊ ဘာသာ၊ သာသန၊ စာပေနဲ့ ယဉ်ကျေးမှု အစဉ်အလာကောင်းတွေကို ထိန်းသိမ်းလိုစိတ်တွေ မြင့်မားလာဖို့လည်း အရေးကြီး တယ်လို့လည်း ထည့်သွင်း ပြောကြားထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)