ရခိုင္အေရး နိုင္ငံေတာ္အတိုင္ပင္ခံေပၚသံသယရွိဟု ၿဗိတိန္ႏိုင္ငံျခားေရး၀န္ၾကီးေျပာ

0
998

ရခိုင္ျပည္နယ္က ဒုကၡသည္ေတြရဲ႕ အေျခအေနအလံုးစံုကို ေဒၚေအာင္ဆန္းစုၾကည္ နားလည္သေဘာေပါက္ျခင္း ရွိ၊ မရွိ သံသယရွိတယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရး ဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္က ေျပာၾကားလိုက္ပါတယ္။ ဒီအေၾကာင္းကို သဥၨာကေျပာျပေပးမွာပါ ။

ၿဗိတိန္ႏိုင္ငံျခားေရးႏွင့္ ဓနသဟာယေရးရာဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္ဟာ မေန႔က ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ ရခိုင္ျပည္နယ္ကို သြားေရာက္ ေလ့လာခဲ့တဲ ခရီးစဥ္မွာ ေၾကာက္လန္႔စရာ ျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ အလံုးစံု ေဒၚေအာင္ဆန္းစုၾကည္ဆီ ေရာက္တယ္လို႔ မထင္မိေၾကာင္း၊ ထိခိုက္ပ်က္ဆီးမယ့္ အေျခအေနကို ဦးတည္ေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ကို ေနရပ္ျပန္မယ့္သူေတြ လံုၿခံဳမႈရွိဖို႔နဲ႔ ဂုဏ္သိကၡာရွိစြာ ျပန္ႏိုင္ဖို႔ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္က ေတာင္းဆိုခဲ့ေသးတယ္။
ၿဗိတိန္ႏိုင္ငံျခားေရးႏွင့္ ဓနသဟာယ ေရးရာဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္ဟာ ေမာင္ေတာၿမိဳ႕နယ္ ပန္းေတာျပင္ေက်းရြာ၊ ေတာင္ၿပိဳလက္ဝဲယာယီလက္ခံေရးစခန္း၊ ေတာင္ၿပိဳလက္ဝဲၿမိဳ႕တို႔ကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ အတူ သြားေရာက္ ေလ့လာခဲ့တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုေဆြးေႏြးပါတယ္။ ဒုကၡသည္ေတြ အေျခအေနကို သူကိုယ္တိုင္ ျမင္ရၿပီျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္မွာ ဒီဒုကၡသည္ေတြ ဘဝ ပိုမိုတိုးတက္ေကာင္းမြန္ေရး ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္း လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း မစၥတာ ေဘာရစ္ ဂြ်န္ဆင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာအစိုးရက ေဆာင္ရြက္ေနတဲ့ အစီအမံမ်ားကို ေထာက္ခံေၾကာင္း၊ ၿဗိတိန္အေနနဲ႔ အမ်ဳိးသမီးေတြနဲ႔ ကေလးေတြရဲ႕ ပညာေရးနဲ႔ က်န္းမာေရးအတြက္ ပံ့ပိုး ကူညီသြားလိုတယ္လို႔ မစၥတာ ေဘာရစ္ ဂြ်န္ဆင္က ေျပာပါတယ္။
ကုလသမဂၢ စာရင္းအရ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြမွာ ဒုကၡသည္ ၆ သိန္း ၈ ေသာင္းေက်ာ္ ရွိပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ အခြေအနေအလုံးစုံကို ဒေါ်အောင်ဆန်းစုကြည် နားလည်သဘောပေါက်ခြင်း ရှိ၊ မရှိ သံသယရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို သဉ္ဇာကပြောပြပေးမှာပါ ။

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ မနေ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့တဲ ခရီးစဉ်မှာ ကြောက်လန့်စရာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အလုံးစုံ ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်တယ်လို့ မထင်မိကြောင်း၊ ထိခိုက်ပျက်ဆီးမယ့် အခြေအနေကို ဦးတည်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ကို နေရပ်ပြန်မယ့်သူတွေ လုံခြုံမှုရှိဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က တောင်းဆိုခဲ့သေးတယ်။
ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ ရေးရာဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ၊ တောင်ပြိုလက်ဝဲယာယီလက်ခံရေးစခန်း၊ တောင်ပြိုလက်ဝဲမြို့တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အတူ သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဒုက္ခသည်တွေ အခြေအနေကို သူကိုယ်တိုင် မြင်ရပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်မှာ ဒီဒုက္ခသည်တွေ ဘဝ ပိုမိုတိုးတက်ကောင်းမွန်ရေး နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ကြောင်း မစ္စတာ ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အစီအမံများကို ထောက်ခံကြောင်း၊ ဗြိတိန်အနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပံ့ပိုး ကူညီသွားလိုတယ်လို့ မစ္စတာ ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။
ကုလသမဂ္ဂ စာရင်းအရ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၆ သိန်း ၈ သောင်းကျော် ရှိပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)