ႏြားထိုးႀကီးၿမိဳ႕နယ္မွာ သံေခတ္ သခ်ဳႋင္းေဟာင္း ေတြ႕ရွိ

0
1000

မႏၱေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ရန္ကုန္-မႏၱေလး အျမန္လမ္း၊ ပေဒါင္းေက်းရြာအနီးမွာ သံေခတ္က သခ်ဳႋင္းေဟာင္းတစ္ခုကို ေတြ႔ရွိခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ရန္ကုန္-မႏၱေလး အျမန္လမ္း မိုင္တိုင္ (၃၂၉/၇) ဝဲဘက္လမ္းေဘး ေပ ၁၅၀၀ အကြာမွာ ေျမေတြ တူးေဖာ္ထားတာကို မသကၤာဖြယ္ ေတြ႔ရွိရတဲ့အတြက္ ႏြားထိုးႀကီး ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက တာဝန္ရွိသူေတြက သြားေရာက္ စစ္ေဆးခဲ့ပါတယ္။

သခ်ဳႋင္းဟာ သံေခတ္က သခ်ဳႋင္းေဟာင္းျဖစ္ၿပီး ေျမအိုးကြဲ၊ သံလက္နက္၊ လူအ႐ိုး၊ လူသြား၊ ဦးေခါင္းခြံ၊ ေျမထည္၊ ေျမပန္းကန္ အပိုင္းအစေတြ ေတြ႔ရွိရတဲ့အတြက္ ထိန္းသိမ္းေစာင့္ေရွာက္ထားၿပီး ေရွးေဟာင္းယဥ္ေက်းမႈ ေနရာအျဖစ္ သတ္မွတ္ႏိုင္ေရး မႏၱေလးတိုင္း အစိုးရအဖြဲ႔ကို တင္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နွားထိုးကြီးမြို့နယ်မှာ သံခေတ် သင်္ချိုင်းဟောင်း တွေ့ရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဒေါင်းကျေးရွာအနီးမှာ သံခေတ်က သင်္ချိုင်းဟောင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၂၉/၇) ဝဲဘက်လမ်းဘေး ပေ ၁၅၀ဝ အကွာမှာ မြေတွေ တူးဖော်ထားတာကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် နွားထိုးကြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

သင်္ချိုင်းဟာ သံခေတ်က သင်္ချိုင်းဟောင်းဖြစ်ပြီး မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအစတွေ တွေ့ရှိရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ထားပြီး ရှေးဟောင်းယဉ်ကျေးမှု နေရာအဖြစ် သတ်မှတ်နိုင်ရေး မန္တလေးတိုင်း အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)