
0
1030


EPA/HOST PHOTO AGENCY



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောင်စု စိတ်ဓာတ် မရှိရင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအလှမ်းဝေးနေမယ်

ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မာမှု မရှိရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းဝေးနေမှာပဲလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တိုင်းရင်းသားတွေ အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး သံသယကင်းတဲ့ အကြွင်းမဲ့ ယုံကြည်မှု၊ ခိုင်မာတဲ့ စည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဋ္ဌာန်စိတ်တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာဖွေတဲ့ နည်းလမ်းနဲ့ပဲ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)