ဥေရာပ သမဂၢ ပါလီမန္ ကိုယ္စားလွယ္အဖြဲ႔ ရခုိင္ျပည္နယ္ကို လာေရာက္ ေလ့လာမယ္

0
1030

ဥေရာပ သမဂၢ ပါလီမန္က လူ႔အခြင့္အေရးဆိုင္ရာ ဆပ္ေကာ္မတီဟာ ရခိုင္ျပည္နယ္ အေျခအေနကို ေလ့လာဖို႔ ျမန္မာႏိုင္ငံကို လာမယ့္ သီတင္းပတ္အတြင္း လာေရာက္မွာ ျဖစ္ပါတယ္။

႐ိုက္တာ သတင္းဌာနက အင္းဒင္ လူသတ္မႈကိစၥ အေသးစိတ္ ထုတ္ေဖာ္ေရးသားၿပီးေနာက္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔ ေတာင္းဆိုမႈေတြ ထြက္ေပၚေနစဥ္ အခုလို ဥေရာပ သမဂၢ ပါလီမန္ ကိုယ္စားလွယ္အဖြဲ႔ လာေရာက္မွာ ျဖစ္ပါတယ္။

ကိုယ္စားလွယ္ အဖြဲ႔မွာ ႏိုင္ငံျခားေရးရာ အဖြဲ႔ဝင္ေတြ၊ ႏိုင္ငံတကာ ကုန္သြယ္ေရး ေကာ္မတီ အဖြဲ႔ဝင္ေတြ၊ ဥေရာပသမဂၢ-အာဆီယံ ကိုယ္စားလွယ္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ ကိုယ္စားလွယ္အဖြဲ႔ဟာ ေနရပ္ျပန္သူေတြ ျပန္လည္လက္ခံေရးစခန္းေတြကို သြားေရာက္ေလ့လာမွာ ျဖစ္ၿပီး ႏိုင္ငံတကာ အရပ္ဖက္အဖြဲ႔အစည္းေတြ၊ ျမန္မာ အရပ္ဖက္ အဖြဲ႔အစည္းေတြ၊ ဘာသာေရး၊ ႏိုင္ငံေရး ေခါင္းေဆာင္ေတြအျပင္ မီဒီယာေတြနဲ႔လည္း ေတြ႔ဆံုမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပ သမဂ္ဂ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်ကို လာရောက် လေ့လာမယ်

ဥရောပ သမဂ္ဂ ပါလီမန်က လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီဟာ ရခိုင်ပြည်နယ် အခြေအနေကို လေ့လာဖို့ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်အတွင်း လာရောက်မှာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းဌာနက အင်းဒင် လူသတ်မှုကိစ္စ အသေးစိတ် ထုတ်ဖော်ရေးသားပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်နေစဉ် အခုလို ဥရောပ သမဂ္ဂ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ လာရောက်မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် အဖွဲ့မှာ နိုင်ငံခြားရေးရာ အဖွဲ့ဝင်တွေ၊ နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီ အဖွဲ့ဝင်တွေ၊ ဥရောပသမဂ္ဂ-အာဆီယံ ကိုယ်စားလှယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ နေရပ်ပြန်သူတွေ ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာမှာ ဖြစ်ပြီး နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေအပြင် မီဒီယာတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)